Chapter _ 27

23K 1.7K 77
                                    

Unicode
********

" Baby Bunny ရေချိုးတာကြာနေပြီလေ
ကွာ..."

Baby ကသာမာန်လူတွေထပ်ကိုလွယ်လွယ်
ဖျားတတ်သူမို့ မာန် အစစအရာရာလိုက်ဂရု
စိုက်ပေးရသည် ။ မာန် သတိလွတ်သွားတာ
နဲ့ Baby ကလုပ်ချင်တာလုပ် စားချင်တာစား
ပြီးအခန့်မသင့်ရင်နေမကောင်းဖြစ်တော့တာ
ပင် ။

" အွန်း...အွန်း....ပြီးပြီ "

အဝါရောင်အမွှေးပွပတ်ကြီးကိုတစ်ကိုယ်
လုံးလုံအောင်ထုတ်ထားပြီး ရေချိုးခန်းထဲ
ကပြေးထွက်လာတဲ့ Baby ကို မာန် ဆတ်
ခနဲဆွဲပွေ့ထားလိုက်သည် ။

" ရေချိုးခန်းထဲကပြေးထွက်မလာနဲ့လို့
ပြောထားတယ်မလား "

မာန် ခပ်တည်တည်လေးဟောက်တော့ ဇက်
ကလေးပုပြီးလျှာလေးထုတ်ပြနေသည်မှာ
သူ့အပြစ်သူသိနေဟန်ဖြင့် ။ Baby ကိုယ်
လုံးလေးကိုမွေ့ယာပေါ်တင်လိုက်ပြီးရေ
စက်လက်ဖြစ်နေတဲ့ဆံပင်လေးတွေကို
Dryer သုံးပြီးအခြောက်ခံပေးလိုက်သည် ။

* ဟက်ချိုး..*

နှာချေသံလေးနဲ့အတူ Baby မျက်လုံးလေး
တွေ နှာထိပ်လေးတွေကချက်ချင်းရဲတက်
လာသည် ။ ပုံမှန်ထပ် ၁၀ မိနစ်လောက်ပိုပြီး
ရေချိုးလိုက်မိတာက Baby ကိုနေမကောင်း
ဖြစ်စေတော့မှာလားမသိ...။

" Baby...ဒီနေ့မလည်နဲ့တော့..အိမ်မှာဘဲနေ
ရအောင်ဆေးသောက်ပြီးတော့ Baby နွေး
နွေးလေးအိပ်ရအောင် ကိုယ်ဖက်ထားမယ်
လေ "

" Baby ကဘာလို့ဆေးသောက်ရမှာလဲ..."

မျက်လုံးလေးဝင့်ပြီးမော့ကြည့်နေတဲ့ Baby
ကို မာန် အဝတ်လဲခန်းထဲကထုတ်ထားတဲ့ T
Shirt အပြာနုရောင်လေးနဲ့ အဖြူရောင်
ဘောင်းဘီရှည်လေးကိုအမြန်ဝတ်ပေးလိုက်
သည် ။

" Baby နှာချေနေတယ်လေကွာ...ဖျားမှာ
စိုးလို့ဆေးသောက်ပြီးအိမ်မှာဘဲနားလိုက်
တော့လေ "

မာန့် ဆီကအဖြေမရမချင်း မျက်လုံးဝိုင်း
လေးတွေနဲ့လိုက်ကြည့်နေတာမို့အဲ့ဒီမျက်
လုံးဝိုင်းလေးတွေကိုငုံ့နမ်းရင်းပြန်ဖြေလိုက်
သည် ။

" ဟင့်အင်း....ဟင့်အင်း....ကိုကို ဒီနေ့ကစား
ကွင်းလိုက်ပို့မယ်လို့ ကတိပေးထားတယ်
လေ....အင့်.."

💞 Eternal Love 💞 { Completed }Where stories live. Discover now