ကျေးဇူးတင်လွှာ❤❤
6.1K 481 32
Unicode
=======
နောက်ဆုံးတော့ Eternal Love ( အဆုံးမဲ့ချစ်
ခြင်း ) Fic လေးကိုအဆုံးသတ်နိုင်ခဲ့ပါပြီ ။ ဒီ
နေ့ ဒီအချိန်ထိ Ongoing လိုက်ပြီး Aster
နဲ့အတူတူရှိပေးခဲ့ကြတဲ့ ငယ်လေးတို့တစ်
ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် ။
Fiction ဆိုတဲ့ခေါင်းစဥ်အောက်ကနေဖန်တီး
ဖြစ်ခဲ့တဲ့ Daddy ငြိုးမာန်လျှမ်းသိုက် တို့
မိသားစုလေးက ငယ်လေးတို့မျှော်လင့်တဲ့အ
တိုင်း မပြည့်စုံခဲ့ဘူးဆိုရင် ချစ်တဲ့စိတ်နဲ့နား
လည်ပေးဖို့မျှော်လင့်ပါတယ် ။
အဓိကတောင်းပန်ချင်တဲ့ကိစ္စကတော့ ဆန်း
ထူး နဲ့ ဦးဂုဏ် ရဲ့ Fan လေးတွေကိုပါ ။ Aster
ရဲ့ကိုယ်ပိုင်စိတ်ကူး ကိုယ်ပိုင်ခံစားချက်နဲ့ဖန်
တီးဖြစ်ခဲ့တဲ့ Fiction ဖြစ်တဲ့အတွက် ဆန်းထူး
က ဦးဂုဏ် အတွက်မဖြစ်ခဲ့ဘူးပေါ့နော် ။ ဒါကို
ငယ်လေးတို့အနေနဲ့ နားလည်ပေးစေချင်ပါ
တယ် ။
လူအမျိုးမျိုး စိတ်အထွေထွေ ။ လူတိုင်းမှာ
ကိုယ်ပိုင်ခံယူချက်ဆိုတာရှိတဲ့အတွက် Aster
ရဲ့ကိုယ်ပိုင်ခံယူချက်က ငယ်လေးတို့တစ်
ယောက်ချင်းစီတိုင်းနဲ့ တစ်ထပ်တည်းမကျ
နိုင်ပါဘူး ။ ဒါကြောင့် Aster ဖန်တီးဖြစ်တဲ့
Fic မှာ ဆန်းထူး နဲ့ ဦးဂုဏ် ကအတွဲမဖြစ်ခဲ့
ပေမယ့် ငယ်လေးတို့စိတ်ကူးထဲမှာတော့ ဦး
ဂုဏ် က ဆန်းထူး ကိုလက်ခံသင့်တယ်လို့ခံ
ယူနေမိနိုင်ပါတယ် ။
ဆန်းထူး Fan လေးတွေတောင်းဆိုထားတဲ့အ
တိုင်း Aster က " မြတ်နိုးခြင်းမိုးတိမ် " ဆိုတဲ့
သီးသန့် Fic တစ်ပုဒ်ကိုဖန်တီးပေးမှာမို့ ဆန်း
ထူး Fan လေးတွေ Libary ထဲသိမ်းထားလို့
ရပါပြီ ။ နောက်ပြီး ဆန်းထူး အတွက်သီးသန့်
Story လေးတစ်ပိုဒ်ကိုလဲ EL ရဲ့ Extra မှာ
ထပ်ဖြည့်ထားပေးပါ့မယ် ။
နောက်ထပ်ကျေးဇူးတင်ရမှာကတော့ Aster
အတွက်သီးသန့် RL လေးတွေလုပ်ပေးကြ
တဲ့ ငယ်လေးတို့ပါ ။ သိပ်သဘောကျစရာ
ကောင်းတဲ့ RL လေးတွေအတွက်ကျေးဇူး
တင်ပါတယ် ငယ်လေးတို့ရေ ။
Complete ဖြစ်မှနေ့မနား ညမအားလာဖတ်
ပေးကြတဲ့ ဇီးကွက်ပန်ဒါ ငယ်လေးတို့ကိုလဲ
Aster ကအထူး အထူးကျေးဇူးတင်ပါတယ်
နောက် Fic တွေကျရင်လဲ ထပ်ဆုံချင်ပါသေး
တယ် ။
မြတ်နိုးခြင်းများစွာဖြင့်......Aster
________________________________________________________________________
Zawgyi
=======
တယ် ။
ယူနေမိနိုင်ပါတယ် ။
တဲ့ ငယ်လေးတို့ပါ ။ သိပ်သဘောကျစရာ
တယ် ။
________________________________________________________________________
💞 Eternal Love 💞 { Completed }Where stories live. Discover now