EXTRA _ 5

17.4K 1.4K 133
                                    

Unicode
********

" အိမ်ပြန်လာဖို့သတိရသေးတယ်ပေါ့...အဲ့
ကောင်ကရော ဘယ်သူလဲ..."

တံခါးဝမှာဖိနပ်ချွတ်နေစဥ် ဦး ရဲ့စကားကို
ကြားလိုက်ရတော့ ပိုးလေး ကြောင်တောင်
တောင်ဖြင့်မော့ကြည့်လိုက်မိသည် ။ ကျောင်း
ခန်းထဲမှာကျန်ခဲ့တဲ့ပစ္စည်းတွေယူပြီးပြန်ထွက်
လာတော့ ရှိုင်းပေါက် ကို အကိုမာန် ခေါ်သွားခဲ့
ချေပြီ ။ အကိုမင်းပိုင် ကလည်း ရှိုင်းပေါက် ကို
လာကြိုသွားတာမြင်လို့ခပ်လှမ်းလှမ်းမှာဘဲရပ်
ကြည့်နေလိုက်သည်တဲ့ ။

ရှိုင်းပေါက် မရှိဘဲအတန်းတက်ရမှာပျင်းတာ
မို့ အကိုမင်းပိုင် ကိုအတင်းခေါ်ပြီးဟော့ပေါ့
သွားစားဖြစ်ကြသည် ။ အိမ်ရောက်ရောက်
ချင်းဘယ်ကတည်းကစောင့်နေမှန်းမသိတဲ့
ဦး ကစီးဟောက်တော့သည် ။ ဘာတွေစိတ်တို
နေလဲမသိ ရုပ်ကိုကစူပုပ်နေတာဘဲ..။

" အကိုမင်းပိုင် ပါ ဟော့ပေါ့ သွားစားပြီးပြန်
လာတာ.."

" မင်း နဲ့ဘယ်လိုပတ်သတ်တာလဲ..အချိန်ကို
ကြည့်ဦး ဘယ်အချိန်ရှိနေပြီလဲ "

အရမ်းများနောက်ကျနေပြီလားလို့ နာရီကိုငုံ့
ကြည့်လိုက်တော့ ၆ နာရီ..။ အား...ဒီဘိုးတော်
ဘာဖြစ်နေတာလဲ ဦးလေးကြီး နဲ့ အရက်
သောက်ပြီးညသန်းခေါင်မှပြန်လာတုန်းကဘာ
မှမဖြစ်ဘဲ အခုကျမှဘာလို့ ပွစိပွစိလုပ်နေလဲမ
သိဘူး..။ အပြင်မှာမပြောရဲပါဘူးနော် ဦး က
တကယ်ကြီး စိတ်တိုနေတာ..ဟီး..။

" ဦးကလဲ ၆ နာရီဘဲရှိသေးတာကို...ငယ် ရေ
သွားချိုးတော့မယ်နော် "

ဒေါသပြေလိုပြေငြား ရယ်ပြကာအပေါ်ထပ်
တက်ဖို့ပြင်တော့ ဦး ကလက်တစ်ဖက်ကိုလှမ်း
ဆွဲထားသည်။

" ငါ့ကိုမလိမ်နဲ့ ပိုးပြည့်စုံ မင်းဒီနေ့ကျောင်းက
ေနအစောကြီးပြန်သွားတာ ငါသိတယ်, အဲ့
ကောင်နဲ့ Hotel သွားတာလဲငါသိတယ် "

ဟမ် ဦး က ငါ့ကိုစောင့်ကြည့်နေတာလား ။
အကိုမင်းပိုင် နဲ့ Hotel သွားတာမှန်ပေမယ့်
အဲ့တာကအကိုမင်းပိုင် ချစ်နေတဲ့ မမဟန်နီ
မွေးနေ့အတွက်လိုအပ်တာတွေသွားစီစဥ်တာ
လေ ။

💞 Eternal Love 💞 { Completed }Where stories live. Discover now