Chapter _ 28

22.7K 1.8K 55
                                    

Unicode
********

ခေါင်းပိုင်းတစ်ခုလုံးကျိုးကြေနေသည့်ကား
ထဲကနေ ဦးစိုင်း ဒယိဒယိုင်ဖြင့်ထွက်လာခဲ့
သည် ။ အပျက်အစီးတွေကြောင့်မီးခိုးတွေ
အူနေသည့် သားရဲ့ကားအနက်ရောင်လေးက
လှုပ်ရှားမှုမရှိ ငြိမ်သက်လျှက် ။ ဦးစိုင်း စိုး
ရိမ်စွာဖြင့်သားရဲ့ကားအနားကိုအမြန်ပြေး
သွားလိုက်မိသည် ။

ဦးစိုင်း ကားတံခါးကိုဆွဲဖွင့်လိုက်လျှင်....။
ကျိုးကြေပျက်စီးနေသည့်ကားထဲမှာ ဆန်း
ထူး က သားရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုသိုင်း
ဖက်ထားပြီးကာကွယ်ပေးထားသည် ။ ဆန်း
ထူး ကာကွယ်ပေးခဲ့တာကြောင့်သားကဒဏ်
ရာသိပ်မရခဲ့ပေမယ့် ဆန်းထူး ရဲ့ခန္ဓာကိုယ်
တစ်ခြမ်းလုံးကတော့သွေးတွေဖုံးလွှမ်းနေ
သည် ။

ဦးစိုင်း သားနဲ့ ဆန်းထူး တို့ကိုတခြားလူ
တွေရဲ့အကူအညီဖြင့်ကားထဲကခက်ခက်
ခဲခဲဆွဲထုတ်ခဲ့ရသည် ။ ပွန်းပဲ့ဒဏ်ရာတစ်
ချို့နဲ့နဖူးစပ်မှာကွဲထားတဲ့ဒဏ်ရာကသွေး
တွေစီးကျနေတဲ့သားကို ဦးစိုင်း လက်ထဲ
မရမကပွေ့ပိုက်ထားမိသည် ။ သတိလစ်
နေတဲ့ ဆန်းထူး ကတော့ ဦးစိုင်း ရဲ့လူတွေ
ကတခြားကားတစ်စီးပေါ်တင်ထားလိုက်
ကြသည် ။

" သား....ဂုဏ်....ထပါဦး... သား..."

" ဟင်း.....အာ့!...."

စိုးရိမ်စိတ်ဖြင့် သားရဲ့ခန္ဓာကိုယ်လေးကို
လှုပ်ရမ်းလိုက်မိတာကြောင့် သားဆီက
ညည်းညူသံလေးတွေထွက်လာပြီးနိုးလာ
ခဲ့သည် ။ သို့ပေမယ့်သားကသတိကောင်း
ကောင်းမဝင်သေး...မျက်တောင်တွေတစ်
ဖျတ်ဖျတ်ခတ်ရင်းအခုအခြေအနေကိုမှတ်
မိအောင်စဥ်းစားနေသည်....။

" သားဂုဏ်......"

ဂုဏ် နောက်ဆုံးမှတ်မိတာက အန္တာရယ်
ကင်းစွာလွတ်မြောက်သွားတဲ့ ကလေးငယ်
ပါသွားတဲ့ကားအနက်ရောင်ကိုမှန်ကွဲစတွေ
ကြားထဲကကြည့်နေခဲ့မိတာပင် ။ အဲ့ဒီမတိုင်
ခင်.....အဲ့ဒီမတိုင်ခင် ဖေဖေရဲ့ကားကို ဂုဏ်
ထိုင်နေတဲ့ဘက်နဲ့ဝင်ခံထားခဲ့စဥ်က ဂုဏ့်
ခန္ဓာကိုယ်တစ်ခုလုံး ဆန်းထူး ရဲ့ပွေ့ဖက်
အုပ်မိုးခြင်းကိုခံလိုက်ရသည် ။

ဆန်းထူး ရဲ့ကာကွယ်ပေးမှုကြောင့် ဂုဏ်
ဒဏ်ရာအနည်းငယ်ဘဲရခဲ့ပေမယ့် ဆန်းထူး
ကတော့ပြင်းပြင်းထန်ထန်ဖြစ်သွားလောက်
သည် ။ ဂုဏ် လက်ရှိအခြေအနေကိုသဘော
ပေါက်သည်နှင့် ဖေဖေ့လက်ထဲကနေရုန်း
ကာမက်တပ်ထရပ်လိုက်သည် ။ ရုတ်တရက်
ထရပ်လိုက်မိတာကြောင့် ဂုဏ် မျက်လုံး
တွေပြာဝေသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး
လည်းယိမ်းထိုးသွားရသည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now