EXTRA _ 1

22.2K 1.3K 90
                                    

** ဒါလေးက ဆန်းထူး ေလးရဲ့ သီးသန့်
Side Story လေးပါ **

Unicode
********

လေယူရာယိမ်းနေသည့်ပန်းနုရောင် ဆာကူရာ
ပန်းပင်အောက်ကလူငယ်တစ်ယောက်ရဲ့မျက်
ဝန်းတစ်စုံကအသက်မဲ့နေ၏ ။ ဘာလိုလို နဲ့ သူ
ဂျပန်ကိုရောက်နေတာ နှစ်ဝက်တောင်ရှိချေပြီ ။
အဆင်ပြေနေပြီလားလို့မေးရင် ဆန်းထူး အနေ
နဲ့ အဆင်ပြေနေပါပြီလို့ ပြန်ဖြေမိလိမ့်မယ်စူး
အောင့်နေဆဲ နှလုံးသားကိုလျစ်လျူရှုပြီးတော့
ဘဲဖြစ်ဖြစ်ပေါ့.....။

" ကိုကို "

ခပ်ဝဲဝဲခေါ်သံလေးနဲ့အတူ တရှပ်ရှပ်ပြေးလာ
နေတဲ့ ခြေသံကြောင့်အသံကြားရာဘက်ကို
ဆန်းထူး လှမ်းကြည့်လိုက်သည် ။ ထိုသူက
ဂုတ်ထောက်နေတဲ့ ဆံပင်ရှည်တို့ကို တစ်ဝက်
ယူကာခပ်မြင့်မြင့်စည်းနှောင်ထားပြီး ရှင်းသန့်
နေတဲ့မျက်နှာလေး ပေါ်မှာဆံချည်မျှင်တစ်ချို့
က ကပို့ကရို့ကျနေသည် ။ ထိုကောင်လေးဝတ်
ထားသည့်အနက်ရောင် T Shirt က တောင့်
တင်းပြီးကြွက်သားတွေနဲ့သူ့ခန္တာကိုယ်ကြောင့်
Bodyfit ကဲ့သို့တင်းကြပ်နေ၏ ။

6'2" ကျော်တ​ဲ့အရပ်ကြီးနဲ့ပျားရည်ရောင်အ
သားအရည်တို့က ထိုကောင်လေးကိုပိုပြီးခန့်
ညားစေသည့်အချက်တစ်ချက်ပင် ။ သူ့ကိုအ
သေးစိတ်လိုက်ကြည့်နေမှန်းသိတော့ မျက်နှာ
ပေါ်ကျနေတဲ့ ဆံစလေးတွေကိုသပ်တင်လိုက်
ရင်း ဆန်းထူး ဘေးမှာစွေ့ခနဲဝင်ထိုင်လာ
သည် ။

" မင်း...ဘာလာလုပ်ပြန်ပြီလဲ "

" ကျွန်တော် အတန်းပြီးပြီလေ..လျှောက်လည်
ရအောင် "

ကိုယ်နဲ့မှပြုံးရွှင်သွားတတ်တဲ့ ထိုကောင်လေး
ရဲ့မျက်နှာချိုချိုလေးကို နေရခက်စွာအကြည့်
လွဲပစ်လိုက်တော့ ထိုကောင်လေးကအလိုမကျ
စွာမျက်ခုံးတို့ကိုတွန့်ချိုးသည် ။

ဂျပန်ကအဆင့်မြင့်ကျောင်းတစ်ကျောင်းကို
postgraduate ကျောင်းသားအနေနဲ့ရောက်
လာတဲ့ဒီလူသားလေးကို ​ဒွန်းကာမူရာ မြင်မြင်
ချင်းစိတ်ဝင်စားမိခဲ့သည် ။ ဒွန်း က ကပြား
အဖေက မြန်မာ အမေကဂျပန်လူမျိုး ။ ဒွန်း
တို့ဂျပန်နိုင်ငံသားတွေက တော်တော်ကိုပွင့်
ပွင့်လင်းလင်းရှိတဲ့လူတွေမို့ LGBTQ ဆိုတာ
ဘာမှထူးထူးဆန်းဆန်းအခြေအနေမဟုတ်...။

💞 Eternal Love 💞 { Completed }Where stories live. Discover now