Chapter _ 8

23K 1.8K 50
                                    

Unicode
********

ရုတ်တရက်ဆောင့်ဆွဲလိုက်တဲ့လက်တစ်ဖက်
ကြောင့် ရှိုင်းစေ လူတစ်ယောက်ရဲ့ရင်ခွင်ထဲကို
ပစ်ဝင်သွားခဲ့၏ ။

" ရောက်လာပြီလား...."

ရင်းနှီးနေတဲ့အသံကြောင့် ရှိုင်းစေ ကြောက်ရွံ့
တုန်လှုပ်စွာမော့ကြည့်လိုက်မိသည် ။ သူ့တစ်
ကိုယ်လုံးကိုတပ်မက်စိတ်ဖြင့် ပွတ်သပ်ကိုင်
တွယ်ကာငုံ့ကြည့်နေသူက နေစစ်...။

" လွတ်....လွတ်......ဆေးလာပေးတာ "

ငယ်ငယ်ကရခဲ့တဲ့စိတ်ဒဏ်ရာကြောင့် အခုလို
အခြေနေမျိုးနဲ့ကြုံလိုက်ရသည့်အခါ ရှုိင်းစေ
တစ်ကိုယ်လုံးတုန်ယင်လာခဲ့သည် ။ နေစစ်
လက်တွေထဲကအတင်းရုန်းထွက်ကာ ဆေး
ထုပ်လေးလှမ်းပေးလိုက်ပေမယ့် တမင်သက်
သက်ရိုက်ထုတ်ခြင်းသာခံလိုက်ရသည် ။

" အား!!..... လွတ်...လွတ်စမ်း!! "

လက်ထဲကလွတ်ကျသွားတဲ့ဆေးထုပ်လေးကို
လှမ်းကြည့်နေစဥ် သူ့တစ်ကိုယ်လုံးကိုဆွေ့ခနဲ
ပွေ့ချီပစ်လိုက်တဲ့ နေစစ် ကြောင့် သူအလန့်တ
ကြားအော်ဟစ်လိုက်မိသည် ။ သို့ပေမယ့်သူ့
ခန္ဓာကိုယ်သေးသေးလေးကတော့ နေစစ်
လက်ထဲကရုန်းမထွက်နိုင်ခဲ့...။

" တောက်!! ရှိုင်းစေ....မင်းတော့နာချင်နေပြီ
ဘဲ "

သူ့ကိုမွေ့ယာပေါ်ပစ်ချကာအပေါ်စီးမှအုပ်မိုး
လာတဲ့ နေစစ် ကိုအားကုန်သုံးကာကန်ထုတ်
ပစ်လိုက်ပေမယ့် ဆေးသုံးထားတဲ့အရှိန်ဖြင့်
ဘာကိုမှမမြင်နိုင်တော့တဲ့ နေစစ် ကသူ့အပေါ်
ကိုတစ်ဖန်တက်လာပြန်သည် ။

ဒီတစ်ခါတော့သူရုန်းဖို့မဖြစ်နိုင်တော့ သူ့လက်
တွေခြေထောက်တွေကိုလူတစ်ချို့ကဆွဲချုပ်
ထားချေပြီ....။ ဒီအခြေနေ..... သူလှုပ်မရ အော်
မရဖြစ်ခဲ့ရသည့်အခြေအနေ....။ ကိုကို ကလာ
မခေါ်ခဲ့တဲ့အချိန်....။ သူ့ကိုကယ်တင်ပေးခဲ့ရ
တာကြောင့်အသက်ပေးခဲ့ရတဲ့လူတစ်ယောက်။

" အား!!.... အင့်....အကိုလေး...လွတ်ပေးပါနော်
ကျွန်တော်ကကန်တော့ပြီးတောင်းပန်ပါ့မယ်
အိမ်...အိမ်မှာမနေစေချင်ရင်လဲထွက်သွားပါ့
မယ်....ဒီလိုမလုပ်ပါနဲ့...."

💞 Eternal Love 💞 { Completed }Where stories live. Discover now