Chapter _ 40

20.6K 1.4K 30
                                    

Unicode
********

နူးညံ့တဲ့အနက်ရောင်မွေ့ယာထဲအသက်ရှူ
သံမှန်မှန်နှင့်အိပ်ပျော်နေတဲ့ကောင်လေးက
အပူပင်ကင်းမဲ့စြာ ။ ထိုကောင်လေးရဲ့အပြာ
ရောင်ဆံနွယ်တို့က နဖူးပေါ်ခပ်အုပ်အုပ်ကျ
နေပြီး ရှည်လျားတဲ့မျက်တောင်ထူထူတို့က
ခပ်စိပ်စိပ်ဖြင့်သိပ်လှသည် ။

" အွန်း......."

အအိပ်လွန်၍ထိုးထိုးထောင်ထောင်ဖြစ်နေ
သည့်ဆံပင်စုပ်ဖွားလေးနဲ့ အပျင်းကြောလေး
ဆန့်ပြီး ထထိုင်လိုက်သည့်ကောင်လေးကို
စေ့စေ့စပ်စပ်လိုက်ကြည့်နေမိတဲ့ ဂုဏ့် မှာ
အကြောင်းပြချက်ရေရေရာရာတော့မရှိ...။

" နိုးလာပြီလား..."

နားဝင်ချိုလွန်းတဲ့အသံဆိုပေမယ့်မရင်းနှီး
တဲ့အသံဖြစ်တာမို့ ပိုးလေး ဝေဝါးနေတဲ့မျက်
လုံးတွေကိုပွတ်သပ်ပြီး အသံပိုင်ရှင်ကိုသေ
ချာကြည့်လိုက်သည်။

" ဟီး...လူကြီးဘဲ...ကျွန်တော့် ကိုခေါ်လာပေး
တာလား "

အိပ်ချင်မူးတူးရုပ်လေးနဲ့ ဟီးခနဲရယ်ပြနေ
တဲ့ကောင်လေးရဲ့ဘေးမှာဝင်ထိုင်တော့ ဂုဏ့်
ကိုမျက်လုံးဝိုင်းကြီးတွေနဲ့လိုက်ကြည့်သည် ။

" မင်းက Silver (company) ပိုင်ရှင် ဦးပိုင်
ရဲ့သားငယ္လား "

ဂုဏ့် မေးခွန်းကထိုကောင်လေးကိုအလန့်
တကြားဖြစ်သွားစေသည့်အလား ကုတင်
ပေါ်ကချက်ချင်းဆင်းပြေးတော့သည် ။

" ဖေကြီးဆီ ပြန်ပို့မလို့လား...ကျွန်တော်မ
ပြန်ဘူးနော်....အဲ့နေရာကြီးပြန်မသွားချင်
ဘူး....အဲ့မှာလူယုတ်မာရှိတယ်..ဟင့်...ပြန်
မပို့ပါနဲ့...အင့် "

အခန်းဒေါင့်လေးထဲအတင်းတိုးဝင်ရင်းအ
ကြောက်အကန်ငြင်းဆန်နေတဲ့ကောင်လေး
ကို ဂုဏ် အံ့ဩစွာငေးကြည့်နေမိသည် ။
Silver Company ပိုင်ရှင်ကြီးကသူ့သား
ငယ်လေးကိုတုန်နေအောင်ချစ်တာ စီးပွား
ရေးလောကမှာမသိတဲ့သူမရှိ...။

သို့ပေမယ့် ဒီကောင်လေးကအိမ်ပြန်ပို့မှာ
သေလုအောင်ကြောက်နေသည်တဲ့...။ ဘာ
တွေလဲ....။ ဂုဏ့် အရင်းနှီးဆုံးသူငယ်ချင်း
ရဲ့ညီလေးက ဘာလို့ဒီလိုအခြေအနေဖြစ်
နေရတာလဲ ။

💞 Eternal Love 💞 { Completed }Where stories live. Discover now