Unicode
********အုံ့မှိုင်းနေတဲ့ကောင်းကင်ကြီးရဲ့ မိုးစက်တို့က
တစ်ဖျောက်ဖျောက်ကျဆင်းနေလေသည်။
ညနေစောင်းအချိန်ဖြစ်နေတဲ့အပြင် အုံ့မှိုင်းနေ
တဲ့ကောင်းကင်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး
နေရောင်ပင်မမြင်ရ...။ လိမ္မော်ရောင် ဟူဒီလေး
နဲ့ဒူးနေရာတွေမှာဖြဲထားတဲ့ ဂျင်းဘောင်းဘီဖြူ
လေးဝတ်ထားသည့် ပိုးပြည့်စုံ ရဲ့မျက်နှာလေး
ကပြုံးရွှင်လျှက်....။" ရှိုင်းပေါက်....ခဏလေးနော် ပြီးတော့မှာ..."
" အင်း...အင်း..."
မုန့်ဖုတ်ခန်းထဲကနေလှမ်းအော်နေတဲ့ ပိုးလေး
အသံကြောင့် ရှိုင်းစေ ဆိုင်အတွင်းက စားပွဲ
တစ်လုံးမှာထိုင်ပြီး စတော်ဘယ်ရီ Cake လေး
စားရင်းစောင့်နေလိုက်သည် ။ပထမဆုံးကျောင်းပြန်ဖွင့်တဲ့ရက်မို့ အတန်း
ချိန်သိပ်မရှိသည်ကိုအခွင့်ကောင်းယူကာ
ပိုးလေး က Cake ဆိုင်တစ်ဆိုင်ခေါ်လာပြီး
သူကိုယ်တိုင် Cake တစ်လုံးလုပ်နေသည်တဲ့ ။
တစ်စုံတစ်ယောက်ရဲ့မွေးနေ့အတွက် သူကိုယ်
တိုင်လုပ်ထားတဲ့ Cake လေးပေးချင်လို့ပါတဲ့
လေ ။ဘယ်သူ့ဆိုင်မှန်းတော့မသိပေမယ့် ဆိုင်ရှင်
ကိုသူတို့စရောက်တဲ့အချိန်ကတည်းကမတွေ့
ရသေး...။ ပိုးလေး ကတော့မုန့်ဖုတ်ခန်းထဲဝင်
လိုက် ထွက်လိုက်နဲ့နေ့တစ်ပိုင်းတောင်ကျိုးပြီ ။" ရှိုင်းပေါက်.....ပြီးပြီ ပြန်ရအောင် "
ဗူးအကြည်လေးနဲ့ထုတ်ထားတဲ့ Cake အဖြူ
လေးကသိပ်မသပ်ရပ်ပေမယ့် ပိုးလေး ဘယ်
လောက်တောင်ကြိုးစားထားရသလဲဆိုတာ
ရှိုင်းစေ အသိပင်။ ချွေးစို့နေတဲ့ နဖူးလေးကို
အင်္ကျီလက်လေးနဲ့ဖိသုတ်ရင်း ဆိုင်ပြင်ထွက်
သွားတဲ့ ပိုးလေး နောက် ရှိုင်းစေ ပြေးလိုက်
သွားလိုက်၏ ။" ရှိုင်းပေါက်....မလာနဲ့ဦး မိုးမိလိမ့်မယ်....ငါ
ထီးယူလာခဲ့မယ်..."မိုးဖွဲဖွဲကျနေတဲ့ကောင်းကင်ကြောင့် ပိုးလေး
လက်ထဲက Cake ဗူးလေးကိုဖွဖွပိုက်ပြီးဆိုင်
ရှေ့မှာရပ်ထားသည့်ကားပေါ်အမြန်ပြေးသွား
လိုက်သည် ။ Cake ဗူးလေးကိုကားပေါ်သေ
ချာတင်ပြီးမှ နောက်ခန်းထဲကထီးယူကာဆိုင်
ရှေ့မှာရပ်စောင့်နေတဲ့ ရှိုင်းပေါက် ကိုသွားခေါ်
လာသည် ။

أنت تقرأ
💞 Eternal Love 💞 { Completed }
عاطفية# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal Artist