Character (1)

12.1K 467 17
                                    

နှင်းမြူတွေကင်းစင်ပြီး နေရောင်ဖြဖြကျဆင်းနေတဲ့ ဆောင်းရာသီမနက်ခင်းလေး။ ရန်ကုန်မြို့ရဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေးတစ်နေရာမှာ
" ရှင်သန်ခြင်း " လို့ အမည်ရတဲ့ Indoor Plants ရောင်းတဲ့ ဆိုင်လေးကို စတင်ဖွင့်လှစ်လိုက်ပါပြီ။ ဆိုင်တံခါးလေးမှာ ချိတ်ဆွဲထားတဲ့ " CLOSE " ဆိုတဲ့ စာတန်းလေးကို " OPEN "လို့ ပြောင်းလိုက်ပြီး ဒီနေ့လည်း အပင်လေးတွေကို ဂရုစိုက်ရင်း ရှင်သန်ကြဦးစို့။ နှစ်ထပ်တိုက်အိမ်လေး ဖြစ်ပြီး အောက်ထပ်ဆိုင်လေးကိုတော့ မှန်အကြည်တွေနဲ့ ကာရံထားတာမို့ အတွင်းထဲ ချစ်စရာ Indoor plant မျိုးစုံကို လှမ်းမြင်နေရသည်။ အပင်လေးတွေချစ်သူအဖို့တော့ ဒီနေရာလေးဟာ တကယ်ကို ရှင်သန်ရာ လေးပဲ ။

မင်္ဂလာပါ။
ကျွန်တော့် နာမည် ရှေးဆက်ရန်း ပါ။ ရန်း လို့ ခေါ်လို့ရပါတယ်။ အသက် 25 နှစ်ရှိပါပြီ။Botany (ရုက္ခဗေဒ)နဲ့ ကျောင်းပြီးထားပြီး အပင်လေးတွေကို မြတ်နိုးတာမို့ Indoor Plants Shop လေး ဖွင့်ထားပါတယ်။ကျွန်တော့ ဇာတိက တောင်ကြီးကပါ။ တောင်ကြီးဇာတိပေမယ့် လူမျိုးကတော့ ဗမာပါပဲဗျ။ ဒါပေမယ့် အသားဖြူပြီး စကားဝဲတော့ တိုင်းရင်းသားလို့ အထင်မှားကြတယ်။ အဖေရော အမေရောက ဗမာလူမျိုးပါ ။
ကျောင်းပြီးတော့ ရန်ကုန်တက်လာပြီး မိဘတွေ ရဲ့ ထောက်ပံ့ပေးမှုနဲ့ ဆိုင်လေးကို ဖွင့်ထားတာပါ။ ကျွန်တော့ မိဘတွေကတော့ တောင်ကြီးမှာပဲ နေပါတယ်။တစ်ခါတစ်လေတော့ ကျွန်တော့ဆီ လာလည်တတ်ပါတယ် ။ ကျွန်တော့ရဲ့ တစ်ဦးတည်းသော အမကတော့ အိမ်ထောင်ကျသွားပါပြီဗျ။ တောင်ကြီးမှာပါပဲ။

" ချွင် ချွင် ချွင် "

ဆည်းလည်းလေး လှုပ်ခတ်သွားတဲ့ အသံလေးကြောင့် တံခါးဆီ အကြည့်ပို့လိုက်တော့ တက္ကသိုလ်ကျောင်းသူအရွယ်ကောင်မလေး နှစ်ဦး ဆိုင်ထဲသို့ ဝင်လာသည်။

" မင်္ဂလာပါဗျ "

ချိုသာပြုံးရွှင်စွာ နှုတ်ဆက်လိုက်​တော့ရန်းကို ပြန်ပြုံးပြကာ နှုတ်ဆက်လာတဲ့ ကောင်မလေးတွေ။

" ဘယ်လိုအပင်အမျိုးအစားတွေ လိုချင်လဲဗျ "

" ကြည့် ကြည့်လိုက်ဦးမယ်နော် "

When You Find Lost Love AgainWhere stories live. Discover now