Part - 10

2.2K 222 35
                                    

ကွန်ဒိုတိုက်ခန်း​ငယ်လေးထဲ ​​ခြေချလိုက်တော့ အခန်းငယ်လေးက အထီးကျန်စွာ တိတ်ဆိတ်လို့။ မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်သော်လည်း သက်ရှိဆိုလို့ ဝန်း ရယ် အစ်ကိုလာထားထားတဲ့ အပင်တွေရယ်သာ ရှိသည်။ ဧည့်စားပွဲပေါ်က ပန်းအိုးအဖြူလေးထဲက ဘယ်သောမှ မညှိုးနွမ်းမယ့် နေကြာပန်းလေးတွေကို မြင်တော့ ပြုံးမိပြန်သည်။ ကျွန်တော်က အစ်ကို့တစ်ယောက်ကိုသာ မျက်နှာမူ
မယ့် အစ်ကိုပျိုးထားတဲ့ နေကြာ။

" အဟမ်း အဟမ်း "

တစ်ယောက်ယောက်များ ရှိနေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အသံပြုလိုက်တော့ အလုံပိတ်ထားတဲ့ တိုက်ခန်းလေးထဲမှာ ဝန်း အသံက ဟိန်းထွက်သွားတာပဲရှိတယ် တုံ့ပြန်သံက ထွက်မလာ။ အခန်းလေးက တိတ်ဆိတ်ငြိမ်လျက်သား။

အိပ်ခန်းတံခါးကို အမြန်ဆွဲဖွင့်ကာ ဝင်လိုက်တော့လည်း မျှော်လင့်မိတဲ့ ကိုယ့်အရာရာကို မတွေ့ပြန်။အဝတ်ဗီဒိုကို ဖွင့်ကာ ရှိသမျှ အဝတ်တွေအကုန်ကြမ်းပြင်ပေါ် ဆွဲချလိုက်သည်။ အင်္ကျီဘောင်းဘီ အကုန်အကုန် ဗီဒိုတစ်ခုလုံး ပြောင်သလင်းခါသွားသည်အထိ။ ဒါတင် မလုံလောက်သေး ရှိသမျှ ခါးပတ်တွေ နာရီတွေအကုန်လုံးကိုပါ ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ ကြမ်းပြင်တစ်ခုလုံးခြေချစရာမရှိတော့တဲ့ အထိ ရှိသမျှ အကုန်သွန်မှောက်ပြီးသွားတဲ့အထိ အစ်ကိုက ပေါ်မလာ။ အစ်ကို ရှိမနေဘူး။ အစ်ကို ဝန်းဆီ မလာဘူး။

" တူ.. တူ.. လူကြီးမင်း ခေါ်ဆိုသော ... "

"ကျစ်! " ဒါနဲ့ဆို အစ်ကို့ကို ဖုန်းခေါ်တာ 15 ကြိမ်မြောက်။ ဘာကိစ္စဖုန်းမကိုင်ရတာလဲ။ မ​ကြားလို့ မကိုင်တာမဟုတ်ဘူးတမင်ကို ချချ ပစ်နေတာ။ လိုင်းပေါ်တက်ကြည့်လိုက်တော့ 13 hours ago တဲ့ ။ လိုင်းလည်းမတက်ဘူး ။ အစ်ကို့မှာ ကိစ္စတစ်ခုခုရှိနေတာ သေချာသွားပြီ။ ဒီတစ်ခါ နောက်ဆုံးပဲ ဒီတစ်ခါမှ မကိုင်ဘဲ ဖုန်းချပစ်ရင် အစ်ကို့ဆီ လိုက်သွားတော့မည်။

" ပြော "

ဖုန်းဝင်ချိန်ပြည့်ခါနီးမှ ထွက်လာတဲ့ အသံက မကိုင်ချင်ဘဲ ကိုင်လိုက်ရတာကြောင့် ခပ်ပြတ်ပြတ်။

When You Find Lost Love AgainWhere stories live. Discover now