Part - 7

2.3K 235 34
                                    

" ဇာတ်ညွှန်း "

ကားပေါ်တက်လိုက်တာနဲ့ ဝန်း ထံ ရောက်လာတဲ့ စာရွက်ဖိုင် အထပ်လိုက်။
ဒီ ဇာတ်ညွှန်းတွေကို လွန်ခဲ့တဲ့ နှစ်ပတ် ပြန်ရောက်ထဲက ဝန်း ရထားတာ
ဖြစ်သလို အထပ်ထပ်အခါခါလည်း ဖတ်ကြည့်ပြီးသား ဖြစ်သည်။

ဒီဇာတ်လမ်းက နာမည်ကြီး စာရေးဆရာ တစ်ဦး ရဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ငါးကြိမ်တိုင်တိုင် ထုတ်ဝေထားရလောက်အောင် လူကြိုက်များ တဲ့ ဝတ္ထုကောင်း တစ်ပုဒ်ဖြစ်သည်။ နာမည်ကြီးလက်ရာမွန် တစ်ခုကို အဓိက ဇာတ်ဆောင်နေရာကနေ ပုံဖော်ပါဝင်ရမှာမို့ ဝန်း အနည်းငယ် စိုးရိမ်စိတ်တော့ရှိမိသည်။ ဒါက သူရဲ့ ပထမဦးဆုံး အကြိမ် BL ဇာတ်ကား ။ ပြီးတော့ သူက မင်းသမီးတွေနဲ့သာ တွဲဖက်သရုပ်ဆောင်နေတဲ့ မင်းသားတစ်ယောက် ။

ဝန်းတို့ မထင်မှတ်ထားလောက်အောင် LGBT ကို လက်ခံတဲ့ သူတွေ အများကြီး ရှိပြီး ဝန်း Fan တွေ အကုန်လုံးနီးပါးက BL ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေ ဖြစ်နေတာမို့ အားတွေဖြစ်ရပြီး သူတို့တွေ စိတ်မပျက်စေဖို့ ကြိုးစားရမည်က ဝန်းတာဝန်။

ဇာတ်လမ်း က LGBT တွေကို သဘောမကျတဲ့သူတွေပါ လက်ခံလာနိုင်တဲ့ အထိ တကယ်ကို ကောင်းမွန်တဲ့ အကြောင်းအရာတွေ ပါဝင်နေတာမို့ ဝန်း ရော အစ်ကို ပါ သဘောကျသည်။
ဒီဇာတ်လမ်းတွဲ မှာ ပါဝင်လိုက်ရတာကိုပင် ကျေးဇူးတင်မိသည်။ ဒီဇာတ်လမ်းတွဲ ပြီးသွားတဲ့အခါ ကျွန်တော် နဲ့ အစ်ကိုရဲ့ အကြောင်းတွေကို ချပြမယ် လို့ ပြောတော့ အစ်ကို က လူစည်ကားတဲ့ နေရာတွေမှာ မင်းလက်ကို တွဲလျှောက်ပြီး မင်း Fan တွေကို လောင်ခိုင်းဦးမယ် ဆိုပြီး ပြောကာ သဘောတကျ ရယ်နေသေးတာ။

" မင်းသမီး က အာ မင်းသမီး မဟုတ်ဘူးပဲ "

" သစ်ခက်လွှား "

ဝန်း မေးချင်တာကို သိနေတဲ့ ကိုနေဦးက အလိုက်တသိပင် တစ်ဖက်လူရဲ့ နာမည်ကို ပြောပြလာသည်။

" နာမည်​ကြီးကလည်း "

ဆန်းသစ်တယ်ပဲ ပြောမလား လှတယ်ပဲ ပြောရမလား မသိတဲ့ နာမည်။

" အသစ်လား "

အနုပညာလုပ်တဲ့ သက်တမ်းနုနုတစ်လျှောက်မှာ တစ်ခါမှ ကြားဖူးနားဝ မရှိတဲ့ နာမည် ဖြစ်တာကြောင့် ကိုနေဦးကို မေးလိုက်သည်။

When You Find Lost Love AgainWhere stories live. Discover now