Final (UNI)

4.9K 181 47
                                    

အေးချမ်းလှသော ဒီဇင်ဘာ​ဆောင်း၏မနက်ခင်းလေးတစ်ခုနှင့် စတင်၍။

အဖြူရောင်ဝတ်စုံပြည့်နှင့် အမျိုးသားနှစ်ဦးသည် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်ကြည့်ကာ ပြုံးလို့ရွှင်လို့။ ဝဲဘက် ရင်ဘတ်တွင် ဆင်ယင်ထားသော အချစ်ကိုဖော်ကျူးသည့် နှင်းဆီပန်းငယ်သည် တလောကလုံးတွင် အလှဆုံးပန်းဟု တင်စားရလောက်သည်အထိ ကျက်သရေရှိစွာ ဝင့်ထည်နေသည်။
မျက်ဝန်းတွေက မျည်ရည်စတွေဟာ ဝမ်းနည်းနေ၍မဟုတ် ကြည်နူးလွန်း၍၊ပျော်ရွှင်လွန်းနေ၍ ​ဖြစ်သည်။အပြုံးတွေဟာ ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်စားရထားသလိုပါပဲ။ လက်အစုံတို့ဟာ မလွှတ်တမ်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်သွယ်ယှက်လျက်။ ထိုအမျိုးသားငယ်နှစ်ဦးကို မြင်တွေ့လျှင် အချစ်ဆိုတာဟာ ချိုမြိန်ခြင်းအရသာပါလားဟု သတ်မှတ်ကြပေလိမ့်မည်။ ထိုကဲ့သို့ပင် ချစ်ခြင်းတရားကိုဖော်ပြနေသော ဓာတ်ပုံဟာ မင်္ဂလာအိပ်ခန်းတွင်ရှိသော မင်္ဂလာကုတင်ခေါင်းရင်းထက်တွင် ခမ်းခမ်းနားနားတည်ရှိနေသည်။ ထိုမျှပင်မကသေး ချစ်စရာတစ်ထပ်တိုက်အိမ်ငယ်လေး၏ နေရာတိုင်းတွင် မင်္ဂလာဓာတ်ပုံများကို ချိတ်ဆွဲထားသေးသည်။ အချစ်တွေပြည့်နှက်နေသောထိုအိမ်ငယ်လေးတွင် အမျိုးသားလေးနှစ်ဦးနှင့် အပင်ငယ်လေးတွေ အေးချမ်းစွာနေထိုင်ကြသည်။

" ဟုတ် မေမေ အခုပဲ အဝတ်တွေထည့်နေကြတာ ခနနေထွက်လာတော့မှာ "

ခရီးဆောင်အိတ်နှစ်လုံးကို ရှေ့ချကာ
ကောင်လေးတစ်ယောက်အလုပ်ရှုပ်နေသည်။ ခရီးဆောင်အိတ်ထဲ ဖြည့်ရန်အတွက် အစီအရင်ချထားသော လိုအပ်သည့် အဝတ်အစား၊အသုံးအဆောင်ပစ္စည်းများဖြင့် အိပ်ခန်းငယ်လေးဟာ ပြည့်နှက်နေသည်။

" ကားကို ဂရုစိုက်မောင်းနော် သား တောင်တက်တောင်ဆင်းလမ်းအကွေ့တွေ သတိထားနော် ညဘက်တွေဆိုသတိထားမောင်း "

ချိုကာသိမ်မွေ့နေသော မေမေ့၏စကားသံတွေကို ရန်းတစ်ယောက်ကြားပြီး ရန်း ပြုံးလိုက်သည်။ရန်း ပြုံးသလိုပင် ဝန်းကလည်း ပြုံးပြုံးကြီးလုပ်ကာ နားထောင်နေသည်။

" မေမေရယ် မေမေပြောနေတာနဲ့နောက်ကျနေပြီ ဝန်းအိမ်ကိုလည်း ဝင်ရဦးမှာ "

When You Find Lost Love AgainWhere stories live. Discover now