Part - 27

1.9K 225 46
                                    

လက်ဖျားများကအေးစက်ကာ စိတ်အ
စဥ်တို့သည်လည်း ယောက်ယက်ခတ်လို့နေသည်။ စိတ်လှုပ်ရှား၍လား၊ကြောက်ရွံ့၍လား။သေချာသည်ကတော့ စိတ်တို့ဟာ ရေလှိုင်းပမာ မငြိမ်မသက်။သို့သော်လည်း ကိုယ်ဟန်မပျက် ငြိမ်သက်စွာထိုင်ကာ မျက်နှာအသွင်မှာ တည်ငြိမ်မှုပေါင်းစု၍ စိတ်အတွင်းထဲရှိဖြစ်စဥ်တွေကို ဖုံးဖိရင်း မိမိရှေ့တွင်ထိုင်နေသော အမျိုးသမီး၏ မျက်နှာအား ကြည့်လိုက်သည်။

" မင်းကို ဒုက္ခပေးဖို့ လာတာ မဟုတ်လို့ စိတ်အေးအေးထားပါ "

ရန်း၏မျက်လုံးကိုတည့်တည့်​ကြည့်ကာပြောလာသော ထိုအမျိုးသမီးသည် စိတ်ဖတ်တတ်သူလား။ လူအကဲခတ်
သည့်နေရာမှာ ကျွမ်းကျင်သည့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လိမ့်မည်။

" ခန္ဓာကိုယ်က သက်သာသွားပြီ ထင်တယ် "

ထိုအမျိုးသမီးသည် ရန်း၏ခန္ဓာကိုယ်ကိုတစ်ချက်ဝေ့ကြည့်ကာ ဆိုလာ​ပြန်သည်။ စလာကတည်းက ထိုပုဂ္ဂိုလ်သည် ရန်းကို တရင်းတနှီး ရှိပုံပေါ်သည်။ သေချာပေါက် ရန်း၏အကြောင်း "က" ကနေ " အ " အထိ သိနေပေလိမ့်မည်။ သူတို့အနေနှင့်
လူတစ်ယောက်အကြောင်းကို စုံစမ်းဖို့က အသက်ရှူရသည်ထက်ပင် ပိုလွယ်နေလိမ့်မည်။ဒါဟာ အဆန်းတကြယ်တော့ မဟုတ်ပေ။

" ဟုတ်ကဲ့ သက်သာသွားပါပြီ ခဗျ "

ရန်း ရဲ့ အဖြေကိုကြားတော့ ခပ်မာမာပြုံးသည်။ ရန်း ထင်တာ မမှားဘူးဆိုရင် ရန်းကိုဆေးရုံပို့ပေးခဲ့သူက ထိုသူတို့ပင်ဖြစ်လိမ့်မည်။

ထိုသူဆိုကာမှ မိုးထိုးနေသော အရပ်ကိုမှ အားမနာ တောင့်တောင့်ကြီးရပ်နေသော လူကို မော့ကြည့်လိုက်သည်။ သူနာပြုလေးတွေ ပြောတဲ့ ခပ်ချောချောကောင်လေးဆိုတာ ဒီလူကိုပြောတာဖြစ်လိမ့်မည်။ အပြုံးအရယ်တစ်စက်လေးတောင်မရှိဘဲ တစ်နေရာတည်းကိုသာ တသမတ်တည်း ဦးတည်ပြီး
ကြည့်နေသည်။ရုပ်ရှင်တွေထဲမှာမြင်ဖူးတဲ့ သက်တော်စောင့်တွေလိုပင်။
သို့သော် ချောမောသန့်ပြန့်လွန်းသောရုပ်ရည်ကြောင့် မည်မျှပင်တည်တင်းနေပါစေ နည်းနည်းလေးပင် ကြောက်စရာ  မကောင်းဘဲ ကြည့်ကောင်းနေ​ပြန်သည်။

When You Find Lost Love AgainWhere stories live. Discover now