Part - 40

2.2K 144 1
                                    

အမဲ​ရောင်ကာလာ​ခြယ်ထား​သောလမိုက်ညတွင် ပုစဥ်းရင်ကွဲသံများကျယ်လောင်လို့နေသည်။ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုကြီးက နက်နဲစွာ ကြီးစိုးထားသည်။ ခြောက်ကပ်ကာ အထီးကျန်လှသော ဒီတိုက်ခန်းငယ်လေးအတွင်း ရှိုက်ညည်းသံသဲ့သဲ့လေးဟာ သိမ်ငယ်စွာ လေပြေတိုးလျက်။

ပိုးစုန်းကြူးအလင်းပင်မရှိလေသော မှောင်မိုက်လွန်းကာ အလုံပိတ်ထားသည့် အခန်းငယ်လေးထဲ လှိုက်မောတုန်ရီနေသော မောဟိုက်သံ၊ရှိုက်သံဟာ ပဲ့တင်ထပ်လျက်ရှိသည်။

ငယ်ငယ်က အတန်းထဲမှာ အဆင့် (1) မရရင် ၊ ပြိုင်ပွဲမှာ ပထမဆု မရရင် အဖေဖြစ်သူက ညဘက် အိမ်အပြင်မှာ ထုတ်ထားတာမျိုး ၊ အမှောင်ခန်းထဲမှာပိတ်လှောင်ထားတာမျိုး အပြစ်ပေးတာကြောင့် အမှောင်ကိုသူသိပ်ကြောက်သည် ၊ အလုံပိတ်ထားတဲ့အမှောင်ခန်းတွေကို သိပ်ကြောက်သည် ။

ချွေးစီးများကျကာ တုန်ယင်လှိုက်မောနေသော ကောင်လေးသည် ထိုမှောင်မိုက်နေသော အခန်းထောင့်လေးတွင် ဒူးလေးပိုက်ကာ တစ်စုံတစ်ရာကို ကြောက်ရွံ့နေဟန်။ အားမရှိစွာ အသက်ရှူရှိုက်နေပုံမှာအင်မတန် မွန်းကြပ်ဖွယ်ရာအတိ။

" တောင်းပန်ပါတယ်... ထားမသွားပါနဲ့ ... တောင်းပန်ပါတယ် "

နှုတ်မှ အဆက်မပြတ်ရွတ်ဆိုနေပုံကစိတ္တဇဆေးရုံက အရူးတစ်ယောက်လိုပင်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားသည်။ ကြောက်သည်။ ဒီ​မှောင်မဲ​နေ​သော​ နေရာကြီးကို ကြောက်သည်။ သို့သော် အစ်ကိုထားသွားမှာကို ပိုကြောက်သည်။
အပြစ်ပေးနေခြင်း ။ ကိုယ့်ကိုကိုယ် အပြစ်ပေးနေခြင်း ။

.

" ဝုန်း!  ဟာ့ "

ခက်ခက်ခဲခဲတံခါးကို တွန်းဖွင့်ကာအပြင်ဘက်သို့ ယိုင်နဲ့စွာလဲကျလာသည်။ အသက်ရှူမဝတာကြောင့် ပါးစပ်ဟကာ လေကို အသဲအသန်ရှူရှိုက်နေရသည်ကြောင့် ရင်ဘတ်အစုံဟာ နိမ့်ချည်မြင့်ချည်နှင့် စုံဆန်လိုက်နေသည်။ စူးရှသည့် အလင်းတန်းကြောင့် မျက်လုံးမဖွင့်နိုင်ဘဲ မျက်မှောင်စုကျုံ့လျက် ။

မိုးလင်းသွားပြီပဲ ။

" ဟက် ! "

ဟက်ခနဲ စိတ်ပျက်စွာ အသံထွက်ရယ်လိုက်ပြီး မျက်လုံးကို အားတင်းဖွင့်ကာ မတ်တပ်ရပ်လိုက်သည်။ အိမ်တွင်းစီးဖိနပ်က ဟိုနေရာမှာတစ်ဖက်၊ဒီနေရာမှာတစ်ဖက် ၊ ကားသော့က စားပွဲအောက်မှာ ၊ ဆိုဖာပေါ်မှာ မနေ့ကဝတ်ထားတဲ့အင်္ကျီတွေပုံလျက် ၊ တီဗီစင်ပေါ်မှာ ဖုန်တွေဖွေးဖွေးလှုပ်လို့ ၊ ဒါလူနေအိမ်လား၊ အိမ်က အိမ်နဲ့မတူဘဲအမှိုက်ပုံကြီးနဲ့တူနေသည်။ ဒီလိုနေနေတာ အစ်ကိုသိရင် ကျောကို ဗြောတင်ပြီး ဆူတော့မှာ ။

When You Find Lost Love AgainWhere stories live. Discover now