Part - 34

2.4K 232 270
                                    

"သိပ်ကိုလှပပြီး အင်မတန်အဓိပ္ပါယ်ရှိတဲ့ Daffodil ပန်းလေးကို ကျွန်တော်တို့ရင်းနှီးပြီးသားပါ မြန်မာမှာတော့ ရေနတ်သမီးပန်းလို့ခေါ်တယ် "

အ​ပြင်ဘက်တွင် ပွင့်ဖတ်ခြောက်ဖတ်ရှိပြီး အတွင်းထဲတွင် ခေါင်းလောင်းပုံ ပွင့်ဖတ်လေးတစ်ဖတ် ပါရှိသေးသည်။ အလယ်တည့်တည့်တွင် ပန်းဝတ်မှုန်တွေဖြန့်ဖြူး​ပေးသော ဝတ်ဆံဝါလေးတွေ အပြည့်ရှိသည်။ ရိုးတံစိမ်းစိမ်းလေးဘေးတွင် ဝန်းကာ ရံထားသော သစ်ရွက် ရှည်ရှည်လေးတွေက ပန်းလေးကို ပို၍ အမြင်တင့်တယ် နေစေသည်။ ထိုကဲ့သို့ ကျော့ရှင်းကာ ကျော်ကြားသော Daffodil ပန်းအကြောင်းကို " ရှင်သန်ရာရပ်ဝန်း " အစီအစဥ်ကနေတဆင့် မျှဝေပေးနေသူက နွေဦးမှာပွင့်သော Daffodil ပန်းလေး နှင့် လိုက်ဖက်သည့် ရှေးဆက်ရန်းပင်ဖြစ်သည်။

" ပြန်လည်မွေးဖွားခြင်း ... အသစ်တစ်ဖန်ပြန်စတင်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်တဲ့ ပန်းလေး "

ပါးလွှားသော နှုတ်ခမ်းပါးလွှာလေးတွေ ဖွင့်ဟလိုက်တိုင်း ထွက်လာသော အသံလေးတွေက ရင်ထဲကို တသိမ့်သိမ့်နှင့် စီးဝင်လာသည်။ အနီးနားကပ်ကာ ငေးမောခွင့်မရှိတော့တဲ့ လူညံ့ဖျင်းတစ်ယောက် မလို့ အဝေးတနေရာကနေ ၊ မမြင်နိုင်သော နေရာတနေရာကနေ တိတ်တိတ်လေးပုန်းကာ ခိုးငေးရတာ အကြိမ်ကြိမ်။ တီဗီဖန်သားပြင်ထက်က အစ်ကို့ရဲ့ပုံရိပ်လေးဟာ တစိမ့်စိမ့်ငေးကြည့်နေတာတောင် ငေးလို့မဝနိုင်။
အစ်ကို့နှုတ်ခမ်းပါးလေးတွေ ကော့ညွှတ်တက်သွားသည့် အခါတိုင်း အစ်ကိုနဲ့ထပ်တူ လိုက်ပါပြုံးမိသည်။

ပျော်ရွှင်စွာ အသစ်တဖန် ပြန်လည်စတင်ပြီး ရှင်သန်သွားပါ အစ်ကို။

" ဂျောက် !  "

တံခါးဖွင့်သံကြားပေမယ့် လှည့်မကြည့်မိ။မဟုတ်ဘူး ... အစ်ကို့ပုံရိပ်လေးဆီကနေ အကြည့်မခွာနိုင်ဖြစ်ပြီး လှည့်မကြည့်နိုင်တာဆို ပိုမှန်လိမ့်မည်။

" လွှား ဗိုက်ဆာပြီလား "

တီဗီ ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေရင်း မေးလိုက်သည်။ အစ်ကို့ရဲ့ပုံရိပ်လေးကို ကြည့်၍ရသလောက်၊ကြည့်ခွင့်ရှိသမျှ၊မြင်နေရတဲ့အချိန်လေးမှာ အပြည့်အဝ ကြည့်ထားချင်သည်။

When You Find Lost Love AgainWhere stories live. Discover now