Part - 14

1.9K 210 131
                                    

" ရှမ်းရိုးမကအိုးစည်သံ... ဗေဗေထုံလို့ညံ... ကကြိုးကဟန် ကိန္နရာမာန်... တိုးနယားဘယ်ယာရံ... ဓလေ့ထုံးစံ သွင်မူသဏ္ဍန်... ဘဝနှလုံးရွှင်ပြုံး ပျော်မဆုံးကြတာ အမှန် "

ရှေ့ကမြင်ကွင်းကိုမြင်တော့ အစ်ကိုနားထောင်နေကျ စိုင်းထီးဆိုင် သီချင်းကို သတိရမိပြန်သည်။ အစ်ကိုက တောင်ကြီးသားပီပီ ရှမ်းတို့ဋ္ဌာနေ
အကြောင်းရေးဖွဲ့ဖော်ကျူးထားတဲ့ သီချင်းတွေကို သိပ်မြတ်နိုးတာ ။

ဒီနေ့က ကလောရဲ့ နောက်ဆုံးည။
နှစ်လတာဆိုတဲ့ အချိန်ဟာ အခုကျတော့လည်း ခနတာလေးလို ။ တည်းခိုတဲ့ ဟိုတယ်ကနေ အမှတ်တရအနေတဲ့ မီးပုံပွဲလေး ကျင်းပပေးချင်ပါတယ်ဆိုပြီး နွေးထွေးစွာ ပြောလာတဲ့အခါမှာ အလုပ်ကြောင့်ပင်ပန်းထားရတဲ့ အဖွဲ့သားတွေ အကုန်လုံးက ဝမ်းသာမဆုံး တပြုံးပြုံးရယ်ပေါ့လေ။

သူတို့ပြောတဲ့မီးပုံပွဲဆိုတာ မီးလေးပုံပေးရုံမှ မဟုတ်တာ။ ချစ်စရာကောင်းတဲ့ ဒေသခံတွေရဲ့ ရိုးရာအကလေးတွေနဲ့ပါ ဖျော်ဖြေပေးသေးတာ။ ဒီလောက်အေးနေတာကို အနွေးထည်မပါဘဲ ရှမ်းရိုးရာ ဝတ်စုံလေးတွေကိုသာ ကိုယ်စီဝတ်ဆင်ထားကြကာ ရောက်လာကြတဲ့ ရှမ်းတိုင်းရင်းသား ၊ တိုင်းရင်းသူလေးတွေ။
ရှမ်းအိုးစည်ကတော့ ​မောရှမ်းတို့ရဲ့ ဘယ်ဓလေ့ရိုးရာပွဲမှာမဆို မပါရင် မပြည့်စုံတဲ့ တူရိယာပေါ့လေ။

ရှမ်းအိုးစည်သံနဲ လိုက်ဖက်ညီစွာ ကပြတဲ့ ဓားသိုင်းအက ဟာ တကယ်ကို အံ့သြဖွယ်ရာ။ ရိုးရာအိုးစည်သံတီးကာ စည်းချက်ညီညီ ကိန္နရီကိန္နရာ အက ကပြတဲ့အခါမှာတော့ အားလုံး ရင်သပ်ရှုမောဖွယ် ကြည့်ရှူကြရသည်။ ရှမ်းရိုးရာ အကသည် သိပ်ကိုလှပသည်။

ဘေးမှာ ထိုင်နေတဲ့ လွှားပေါက်ကတော့ မျက်တောင်ပင်မခတ် တဝါးဝါးနဲ့ လှလိုက်တာကို ပါးစပ်မချတမ်း ရွတ်ဆိုကာ အကြီးအကျယ် သဘောကျနေသည်။

တိုးနယား အက ကို က​ပြ​တဲ့အချိန်မှာတော့ လွှားပေါက်က ဝန်း လက်မောင်းကို တင်းတင်းဆုပ်ကိုင်လာသည်။

" ကြောက်လို့လား "

ကိုယ့်လက်မောင်းကို မလွှတ်တမ်းဆုပ်ကိုင်ထားပြီး ခေါင်းတဆတ်ဆတ် ငြိမ့်ပြနေသည်။

When You Find Lost Love AgainWhere stories live. Discover now