Part - 16

2K 225 85
                                    

" အဲ့ဒီတော့ လွှားက ပြန်လာတော့မှာလား "

" ပြန်လာလို့ မရသေးဘူး ဖေဖေရ လွှားတို့ ဇာတ်ကားက ဇာတ်လမ်းရှည်ဆိုတော့ Edit လုပ်မှာက တစ်လလောက် ကြာမယ်တဲ့ ဇာတ်ကား မပြခင်အထိ လွှားနဲ့ ကိုကိုက promotion တွေ လုပ်ရဦးမယ် "

" မင်းတို့ဟာကလည်း ပြီးကို မပြီးနိုင်ဘူး "

အလုပ်သွားဖို့ ပြင်နေတဲ့ ဖေကြီးက ဖေဖေ့ကို နက်(ခ်)တိုင် လှမ်းပေးရင်း screen ထဲ ဝင်လာသည်။

" ဖေကြီးက လွှား ကို လွမ်းနေပြီလား "

" မြန်မြန်ပြန်လာဖို့တာလုပ်စမ်းပါ မင်းဖေဖေက အိမ် မှာ တစ်ယောက်တည်း ကျန်ကျန်ခဲ့တာ စိတ်မချလို့ "

ဖေဖေ နဲ့ ယှဥ်ရင် လွှားက ရှုံးပြီးသားဆိုတာ သိပေမယ့် ဖေကြီးက အဲ့လိုတွေ ရွေးပြောမှ ဖြစ်မှာလား ။ ယောကျာ်းမျက်နှာ တစ်ကမ္ဘာဆိုတာ ဖေကြီးပဲ။

" ကဲ သွားတော့ ရုံး နောက်ကျတော့မယ် "

ဖေဖေ့အကျွမ်းကျင်ဆုံး​တွေထဲမှာ နက်(ခ်)တိုင် စည်းတာလည်း ပါတယ်။
နေ့တိုင်း ဖေကြီးကို နက်(ခ်) တိုင် စည်းပေးနေကြမို့ ဖေဖေ့ လက်ရာက ဖေကြီး အင်္ကျီ ထက်မှာ သပ်ရပ်စွာ နေရာယူထားသည်။

" ဘယ်လိုဖြစ် "

ယောကျာ်းချစ်ဖေကြီးက  ဖေဖေ့ဆီက Kiss ရမှ ရုံးသွားသည်။ အခုလည်း သားရှေ့မရှောင် ပါးကြီးဖောင်းကာ kiss တောင်းနေတာမို့ ဖေဖေက ရှက်နေတာ ။ နည်းနည်းဆိုကဲကဲတွေ။ ဒီသားတော်မောင်ကပဲ အလိုက်သိတတ်ရမှာပေါ့ ။

" လွှား မကြည့်ဘူး မကြည့်ဘူး "

မျက်နှာလွှဲကာ ရှောင်ပေးတော့ ပြွတ်ခနဲ အသံလေး ထွက်လာသည်။ ဖေဖေတို့များ နမ်းဖို့ ရှက်နေလို့သာပဲ Kiss လိုက်တဲ့အသံက USA ကနေ မြန်မာထိ ပီပီသသ ကို ပြွတ်စ် တာ ။

" ရုံးရောက်ရင် ဖုန်းဆက်လိုက်မယ် "

" စိတ်ချလက်ချသွား "

တစ်ယောက်နဲ့ တစ်ယောက် တသီတတန်းတွေမှာပြီးတဲ့ နောက်မှာတော့ဖေဖေက လွှားကို သတိပြန်ရသွားသည်ထင် ။ ဖေကြီးကတော့ နှုတ်တောင် မဆက်သွား ။

" ပင်ပန်းနေပြီမလား လွှား ညစာရော ဘာစားလဲ "

" ဟိုတယ်ကနေ ခေါက်ဆွဲကြော် မှာစားလိုက်တယ် "

When You Find Lost Love AgainWhere stories live. Discover now