Part - 13

1.8K 203 45
                                    

ကလောရဲ့ဟေမန်ဆောင်းက သိပ်ကို ချမ်း​အေးလွန်းသည်။ ပတ်ဝန်းကျင်တခွင် နှင်းမြူတွေ ရစ်သိုင်းခြုံနေတာကြောင့် မြင်ကွင်းသည်လည်း အဖြူရောင်ပိတ်ကားသာ ။  အညိုရောင်ဆွယ်တာခေါင်းစွပ်လေးက အအေးဓာတ်ကို မခုခံနိုင်တာမို့ အမဲရောင် ဂျာကင်အ​နွေးထည်လေးကိုပါ အားကိုးထားရသည်။ ဒါတောင် အနွေးဓာတ်ကို မခံစားမိ ။ ဒီလို ဖက်ရှင်မျိုးက ချမ်းအေးလွန်းတဲ့ ရှမ်းမြို့လေးကို ရောက်တုန်းလေးသာ ဝတ်ပြလို့ရသည်မလား။

မျက်တောင်တစ်ချက်ခတ်လိုက်ရင် မျက်တောင်ပေါ်မှာ လာတင်နေတဲ့ မြူနှင်းမှုန်လေးတွေကြောင့် အစိုဓာတ်လေးကို ခံစားမိရပြန်သည်။ အသက်ကို ပျင်းပျင်းရှူလိုက်ကာ ပါးစပ်ကနေ လေတွေ မှုတ်ထုတ်တော့ ထွက်လာတာက အခိုးအငွေ့တွေ။ ပါးစပ်ထဲ အငွေ့တွေ ထွက်လာတာကို ဝန်း သိပ်သဘောကျတာကြောင့် ပါးစပ်ကို ဟ ကာ ခနခန တ ဟား ဟား နဲ့ လေတွေမှုတ်ထုတ်နေမိသည်။ ရန်ကုန်မှာက အငွေ့မပြောနဲ့ ရာသီဥတုကတောင် အရမ်းအေးစိမ့်နေတာမျိုး မကြုံရဘူး​လေ။ လက်ဖျားတွေက အအေးဒဏ်ကြောင့် ထုံကျင်နေပြီး နီရဲ​နေပေမယ့်လည်း ဒီဆောင်းကို ဝန်း သဘောကျသည်။

အသက်တွေ ကြီးလာရင် အစ်ကို့ရဲ့ ဇာတိမြို့လေး တောင်ကြီးမှာ အစ်ကိုနဲ့အတူ အခြေချနေချင်သည်။ ဒီနေ့လည်း အစ်ကို့ကို သိပ်လွမ်းပြန်သည်။

" ကိုကို "

အသံလာရာကို ကြည့်မိတော့ အဖြူရောင်ဆွယ်တာလေးကို အောက်ခံထားလို့ အပြာနုရောင် ကုတ်အင်္ကျီအရှည်ကို တွဲဖက်ဝတ်ဆင်ထား တဲ့ လွှား ။ အဖြူရောင် ဂျင်းဘောင်းဘီ နဲ့ လိုက်ဖက်စွာ ဖြူစွတ်ဖွေးသန့်နေသည်။ မာဖလာ အဖြူရောင်လေးကလည်း လည်တိုင်​
မြင့်မြင့်ကို အနွေးဓာတ်ပေးနေသည်မှာ နေရာတကျ။

" ပြီးပြီလား "

ဒီနေ့ ရိုက်ကွင်းတည်ထားတဲ့ အောင်ပန်းမြို့လေးဆီကို ထုံးစံအတိုင်း လွှား နဲ့ အတူ သွားရမည်။ ရှက်တတ်လွန်းတဲ့ လွှားက ကိုယ့်ရှေ့မှာဆို အဝတ်အစားဝတ်ဆင်ရမှာပင် မရဲတာကြောင့် အပြင်ထွက်ကာ ရှောင်ပေးရသေးသည်။

ခရီးမဆန့်ခင် မနက်စာကို ဟိုတယ်မှာပဲ စားဖြစ်သည်။ ဝန်းက ရှမ်းခေါက်ဆွဲ ကို မှာစားပြီး လွှား တိုဟူးနွေး ကို မှာစားသည်။ ဝန်း က ရန်ကုန်သားဆိုပေမယ့် စီးပိုင်တဲ့ အစားအစာတွေကို ကြိုက်သည်။ ရှမ်းဆန်စီးစီးလေးတွေကိုဆို ဝန်း ဘယ်လောက်စားစား မဝနိုင်ဘူး။

When You Find Lost Love AgainWhere stories live. Discover now