Character - 4

2.7K 120 11
                                    

Hello Htet ပါ။

ထက် က When You Find ရဲ့ Character တွေကို Character (1),(2),(3) ဆိုပြီး ရန်း ရယ် ၊ဝန်း ရယ် ၊လွှား ရယ်ကို မိတ်ဆက်ခဲ့ပေမဲ့ Way ကိုကျတော့ Character Chapter သပ်သပ်တစ်ခုအနေနဲ့ မိတ်မဆက်ခဲ့ဘူး။ 

Final comment လေးတွေကို ဖတ်ကြည့်တော့ " ဘာကြီးလဲ " ဆိုပြီး ဖတ်ရတာ အဆင်မပြေဖြစ်သွားရင် အားနာပါတယ်ရှင်။ ထက်ရဲ့မလည်မဝယ်အရေးအသားတွေ ကြောင့်ပါ။

Part - (29) မှာ ဝန်းတိုက်ခန်းမှာ ရန်းရယ်၊ ဝန်းရယ်၊ လွှားရယ်၊ သုံးယောက်ဆုံပြီး အထင်လွဲတဲ့ပြဿနာဖြစ်တယ်။ ရန်းတို့Anni day မတိုင်ခင် တစ်ရက်အလိုမှာ ပြဿနာဖြစ်သွားတယ်။

Part - (30) က စပြီး Way က Character တစ်ခုအနေနဲ့ စပြီးဝင်လာခဲ့တယ်။ Part - (38) Way သေသွားတယ်ဆိုပြီး ရေးခဲ့တယ်။ Part - (39) မှာ ရန်းက Way နာမည်ရွတ်ပြီး အိပ်ယာနိုးခဲ့တယ် ။ အဲ့ဒီမှာ ဝန်းနဲ့တွေ့တော့ ဝန်းက Way ကို သိမနေခဲ့ဘူး ။ အစ်ကိုအိပ်မက်ဆိုးတွေ မက်နေတာပဲဆိုပြီး ပြောခဲ့တယ် ။ Part - (30) ကနေ (38) ထိ ရန်းက အိပ်မက်မက်နေခဲ့တာပါ။

မေ့လဲပြီး ဆေးရုံမှာနိုးလာတော့ ရန်းကအိပ်မက်ကို မေ့သွားပြီး လက်ရှိပြဿနာကိုပဲ သတိတရရှိတော့တယ်။ ဒါကို ဝန်းရဲ့အတွေးထဲမှာ ထည့်ရေးခဲ့တယ်။

ထက်တို့က စိတ်ပင်ပန်းတဲ့အခါတွေအိပ်မက်ဆိုးတွေ မက်လေ့ရှိတယ်။ လက်တွေ့ဘဝမှာလည်း  အိပ်မက်ဆိုးမက်ပြီးနိုးလာရင် မောပန်းတာတွေ၊ပင်ပန်းနွမ်းနယ်တာတွေ၊အိပ်ရေးမဝတာတွေ ဖြစ်တတ်တယ်။ ဒါပေမဲ့ အဲ့အိပ်မက်ဆိုးကို အိပ်မက်မက်သူရဲ့စိတ်ဝိဉာဥ်ကပဲ ခံစားရတယ်။တခြားလူတွေမခံစားရဘူး။

ဝတ္ထုမှာကျတော့ အိပ်မက်ကို စကားလုံးတွေနဲ့ ဖော်ပြတာဆိုတော့ အိပ်မက်မက်နေတဲ့ ဇာတ်ကောင်အပြင် အိပ်မက်ထဲမှာပါတဲ့ တခြားသော ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေပါ ဖော်​ပြ​ပြီး ရေးတယ်။ ဒါဟာ အိပ်မက်တစ်ခုဆိုပေမဲ့ ဝတ္ထုထဲမှာတော့ အိပ်မက်ဟာလည်း ဇာတ်လမ်းအကြောင်းအရာတစ်ခုပေပဲမလို့ စာဖတ်သူတွေကို ခံစားစေဖို့ရည်ရွယ်တာပဲ။

ဘာလို့ အိပ်မက်အကြောင်းကို ရေးနေတာလဲ အိပ်မက်အကြောင်းကိုဖြုတ်ပြီး နောက်ကအပိုင်းတွေနဲ့ ဆီလျော်အောင်ရေးလိုက်ရင် ရနေတာပဲ ဆိုပြီး တွေးကြည့်မိတယ်။

When You Find Lost Love AgainWhere stories live. Discover now