Part - 8

2K 225 25
                                    

ဒီနေ့ အစီအစဥ်က​တော့ အင်တာဗျူးဖြေရန် တစ်ခုသာ။ မနက်ဖြန်ကစပြီး ဇာတ်လမ်းတွဲကို ရိုက်ကူးမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေကို နှစ်ယောက်အတူတူ တွဲမြင်စေရန် အင်တာဗျူးတွေ
ပတ်ဖြေနေရခြင်းပင်။

ဝန်း တို့ရဲ့ ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသမယ့် ရုပ်သံ ရဲ့ Live Show တစ်ခုကနေ ဝန်း နဲ့ သစ်ခက်လွှားနှစ်ယောက်ကို အင်တာဗျူးဖို့ ဖိတ်ကြားထားတာကြောင့် နောက်လည်း ချောင်းပေါက်မတတ်လာရမည့် နေရာကို ဒီနေ့လည်း ဝန်း ရောက်လာပြန်သည်။

" ကိုကို "

နားနေခန်းထဲ ဝင်လိုက်တာနဲ့ ဝီရိယကြီးတဲ့ မင်းသားက သူ့ကို လှမ်းနှုတ်ဆက်သည်။

" ဟီး "

သူ့ကို ကြည့်ပြီး ပြုံးပြလိုက်တော့ ဟီးခနဲ ပြန်ရယ်ပြသည်။ သူ့အရှေ့က ခုံမှာ ကိုယ်ဝင်ထိုင်ပြီးတဲ့ အထိတိုင် သူ့အကြည့်တွေက ကိုယ့်ဆီကမခွာသေးတာမို့ ဝန်း ကပင် အလိုက်တသိ စကားစလိုက်သည်။

" ရောက်နေတာ ကြာပြီလား "

" 7 နာရီ လောက်က အိမ်မှာ ပျင်းလို့ "

အင်တာဗျူး အချိန်က 10 နာရီမှ စမှာကို သူက 7 နာရီထဲက ရောက်နေတယ်တဲ့လား။ အခု 9 နာရီခွဲဆိုတော့ ရောက်နေတာ 2 နာရီ ခွဲလောက်ရှိရောပေါ့။ ဘယ်လောက်ပဲ ပျင်းပါစေဦး အိမ်မှာ အိပ်နေတာက ပိုကောင်းတယ်မဟုတ်လား။ ဘာလို့ ဒီလိုအစောကြီး။

" ဒီမှာက မပျင်းဘူးလား "

" ပျင်းတယ် ဟီး "

သေချာပေါက်ပဲပေါ့။ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဘဲ တစ်ယောက်ထဲ ဖြစ်နေရှာမှာပေါ့လေ။ သနားလည်း သနားပါတယ် သူ့ခမျာ အစိမ်းသက်သက်မြေမှာ နေထိုင်ရတာ ဘယ်လွယ်ကူပါ့မလဲ။

" ကိုကို့ ဖုန်းနံပါတ် ပေးလေ လွှား ပျင်းရင် ဆက်မို့ "

" ကိုယ်က လွှားရဲ့ အပျင်းပြေကစားစရာလား "

" အ... အာ... ဟီး ... လွှား ရဲ့ ပါတနာလေ လွှား က ဒီမှာ သိတဲ့သူအများကြီးမရှိဘူး မပေးချင်ဘူးလား "

" ရပါတယ် "

ကိုယ်က ဘာမှမပြောရသေး မျက်နှာငယ်လေး လုပ်ကာ လူကို လူမှုရေးမသိတတ်တဲ့ လူဖြစ်အောင် လုပ်နေသည်။

When You Find Lost Love AgainWhere stories live. Discover now