Part - 24

2.3K 253 115
                                    

Wheelchair လေးကို ကိုယ်တိုင်လိမ့်ကာ အပင်လေးတွေကို ရေလောင်းပြုစုရတဲ့ ခံစားချက်လေးက တမူ ပေးစွမ်းပြန်သည်။ ဒီသုံးပတ်အတွင်းမှာ တစ်ယောက်ထဲ နေရတဲ့အချိန်​တွေ များတာကြောင့် Wheelchair ကို ကိုယ်တိုင်တွန်းနိုင်စွမ်းကလည်း အင်မတန်ကျွမ်းကျင်နေပြီ ဖြစ်သည်။ ဘယ်ဘက်လက်​​​ဖြင့်ရေကရားကိုကိုင်၍ ဟက်ခနဲ တစ်ချက်ရယ်လိုက်ကာ ပြတင်းပေါက်ဘက် ကိုဦးတည်ပြီး Wheelchair ကို လိမ့်လိုက်သည်။

ပြတင်းပေါက်ဘောင်ပေါ်က နေကြာပန်းအိုးလေးကို မြင်တော့ တစ်ချိန်က ဝန်းပြောခဲ့တဲ့စကားလေးက နားထဲမှာ တဝေ့ဝေ့ဖြင့် လာရိုက်ခတ်သည်။

" နေကြာပန်းကတောင် နေမင်းကိုကြည့်လိုက် မြေကြီးကိုကြည့်လိုက် ဖြစ်ဦးမယ် ကျွန်တော်က အစ်ကိုရှိရာတစ်ဖက်တည်းကိုပဲ မျက်နှာမူတာပါနော် " တဲ့။

" ဟက်!  "

အခုတော့ ကျောပြင်လေးကိုတောင် မြင်ရခဲတဲ့ အချိန်ရောက်နေပါ​ပေါ့လား။

နေမင်းကြီးကို မျက်နှာမူကာ ဝင့်ဝင့်ကြွားကြွား ပွင့်လန်းနေတဲ့ တစ်ပွင့်တည်းသော နေကြာပန်းကို အညှာကနေ ချိုးလိုက်သည်။

"နေကြာတွေကို အပိုင်ရထားတဲ့ နေမင်းကြီးကို မနာလိုလိုက်တာ "

ဘယ်အချိန်ကစပြီး မှားယွင်းခဲ့တာလဲ။
ဘယ်အချိန်ကစပြီး အေးစက်သွားတာလဲ။
ဘယ်အချိန်ကစပြီး ဝေးကွားသွားတာလဲ။

ဟိုကောင်လေးမိဘတွေရောက်လာခဲ့ရင် ဝန်း က ရန်းဘေးမှာပဲ တောက်တဲ့တစ်ကောင်လိုတွယ်ကပ်နေတော့မှာလို့ ထင်ခဲ့တာ။ ဝန်းတစ်ယောက်ကိုသာ အားကိုးစရာရှိတဲ့ ရန်းကိုပဲ ပြုစုတော့မှာလို့ ထင်ခဲ့တာ။ မဟုတ်ခဲ့ဘူး ။ အရင်လိုပဲ ရန်းကိုထားခဲ့ပြီး ဟိုကောင်လေးဆီ သွားနေတုန်း။

မနက်အိပ်ယာထရင် ရန်းကို တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပေးပြီး မနက်စာကျွေးသည်။ပြီးရင် ဟိုကောင်လေးဆီ သွားသည်။နေ့လယ်ထမင်းစားချိန်ရောက်ရင် ရန်းဆီတစ်ခေါက်ပြန်လာသည်။ပြီးရင် ဟိုကောင်လေးဆီသွားသည်။ညနေထမင်းစားချိန်ရောက်ရင် ရန်းကိုထမင်းလာကျွေးသည်။ပြီးရင် ဟိုကောင်လေးဆီ ပြန်သွားပြန်သည်။ ထမင်းစားချိန်မှသာ ဝန်းမျက်နှာကိုမြင်ရသည်။ဝန်းက ရန်းကို ထမင်းကျွေးဖို့လောက်သာ ဂရုစိုက်တော့သည်။ အငတ်မထားတာပဲ ကျေးဇူးတင်ရမည်။ အဟင်း။

When You Find Lost Love AgainWhere stories live. Discover now