Part - 1

4.8K 394 10
                                    

မနက် 2 နာရီပင် ထိုးနေပြီမို့ သူ ပြန်ရန်ပြင်လိုက်သည်။ အရမ်းလည်း ပင်ပန်းနေပြီမို့ သူနားချင်နေပြီ။ အကုန်လုံးက သူအရှိန် နဲ့ သူဖြစ်နေ​ကြပြီမို့ ပါတီရဲ့ အဓိက လူ ရှိခြင်း မရှိခြင်းက အရေးမကြီးတော့။ ဘယ်သူမှ မမြင်အောင် တိတ်တဆိတ် ရှောင်ကွင်းပြီး ထွက်လာလိုက်ကာ ကိုယ်တိုင်ကားမောင်းပြီး တိုက်ခန်းငယ်လေးဆီသို့ ပြန်လာခဲ့လိုက်သည်။

Celebrity တစ်ယောက်ဖြစ်တာကြောင့် ကုမ္ပဏီကပေးထားတဲ့ ကွန်ဒိုတိုက်ခန်းသည်လည်း private ကျသော ပတ်ဝန်းကျင်တစ်ခုမှာ။ လူကုံထံ အသိုင်းအဝိုင်းသာ နေသော အဆင့်မြင့်ကွန်ဒို ရဲ့ 7 ထပ်​မြောက်မှာရှိတဲ့ အခန်းနံပါတ် 2028 က သူနေထိုင်ရာ နေရာ။ ဧည့်ခန်း ၊ အိပ်ခန်း ၊  အဝတ်အစားထားတဲ့အခန်း ၊ အဝတ်အစားလဲခန်း ၊ ရေချိုးခန်း ၊ Gym room ၊ စာဖတ်ခန်း ၊ ထမင်းစားခန်း၊ မီးဖိုချောင် စတဲ့ အခန်းတိုင်းက အထက်တန်းဆန်ဆန် ဖွဲ့စည်းထားပြီး ဝရံတာကနေ မြို့တစ်မြို့လုံးရဲ့ မြင်ကွင်းအလှကို မြင်ရသေးတယ်။

လျှို့ဝှက်ကုဒ်ကို ရိုက်ပြီး အိမ်ထဲဝင်လိုက်ကာ စီးလာတဲ့ဖိနပ်ကို အရံရာနဲ့ချီ တင်ထားတဲ့ ဖိနပ်စင်ပေါ် နေရာချလိုက်သည်။

ဧည့်ခန်းထဲက TV ရဲ့ မျက်နှာပြင်က အပြာရောင် ဖြစ်နေပြီး ဆိုဖာပေါ်မှာတော့ ကွေးကွေးလေး အိပ်ပျော်နေတဲ့ အကို ။ ကျွန်တော့်ရဲ့ နက်ပြာရောင်
ညအိပ်ဝမ်းဆက်ကို ယူဝတ်ထားပြန်ပြီ။ အဲ့ဝမ်းဆက်ကို အကိုက ဘယ်လို ကြိုက်လို့ကြိုက်မှန်းမသိ။အိမ်လာအိပ်တိုင်း အဲ့ဒါပဲ ယူဝတ်သည်။တစ်ခါတစ်လေများ အဲ့ Pajamas ကို ဝတ်ချင်လို့လာအိပ်တယ်ကရှိသေး။ အပိုင်ပေးပြန်တော့လည်း မယူချင်။သူများဟာ အလကားမယူတတ်ဘူးက လုပ်သေးတာ။  သူဝတ်လို့ပဲ ဆွေးတောင်ဆွေးတော့မယ်။

ကျွန်တော် နဲ့ အကိုက အရပ်မတိမ်းမယိမ်းပေမယ့် Gym ကစားတဲ့ ကျွန်တော့်ထက်တော့ အကို့ခန္ဓာကိုယ်က နည်းနည်းညက်တယ်။ အားတော့သန်တယ် ။ တစ်ခုခုဆို လက် မြန် တဲ့ အကိုက သူ့စကားနားမထောင်တဲ့အချိန်တို့ သူ့ကို စိတ်ဆိုးအောင် လုပ်မိတဲ့အချိန်တွေဆို ကျွန်တော့ ကျောပြင်ကို သူ့လက်နဲ့ မိတ်ဆက်ပေးနေကျ။ ဘယ်လောက် အားကစားလုပ်ထား လုပ်ထား အကို့လက်နဲ့ တွေ့ရင် ကျောကော့မိတာအမှန်။ သူ့ customer တွေကိုပဲ ချိုသာတာ ကျွန်တော့်ကိုဆို အရမ်းဆူတာ။

When You Find Lost Love AgainWhere stories live. Discover now