Part - 36

2.2K 165 37
                                    

မိုးစက်လေးတွေ ခပ်ဖွဲဖွဲကျနေတယ် ထင်ပါတယ်။ တချက် တချက် လေအဝှေ့မှာ မြေသင်းနံ့လေး ခပ်အီအီကလာကျီစယ်တယ် ။ ချမ်းတယ် ။ လေရူးတွေ၊ နှင်းမိုးတွေကြောင့် နေမယ်။ရာသီဥတုက သိပ်ကိုအေးနေတယ်။ ပတ်ဝန်းကျင်က မှုန်ဝါးဝါး လူကလည်း စမ်းတဝါးဝါး။

" အစ်ကို "

ဝန်းလား ။ ဝန်း ပြန်လာတာလားဟင်။ ပတ်ဝန်းကျင်တခွင် ပြေးရင်းလွှားရင်း ဝန်းငယ် လိုက်လို့ရှာမိတယ်။ မောလို့ပန်းလို့ပါပဲ။ ဝန်းငယ်ရဲ့အရိပ်လေးတောင် ရှာမတွေ့ပါဘူး။

" အစ်ကို "

ဒီတစ်ခါ သေချာလေးနားစွင့်ကြည့်တော့ အသံလားရာဟာ အနီးအနားကပင်။ လေးနက်စွာ မျက်လုံးကစားလိုက်တော့ ဟော... တွေ့ပါပြီ။ဖြူလွှလွှအမှုန်တွေရဲ့အလယ်မှာ မျက်နှာချင်းဆိုင်ကာ ရပ်နေသောကောင်လေးနှစ်ယောက်။

စတစ်ကော်လံရှပ်အင်္ကျီလက်ရှည်လေးအပေါ် အညိုရောင် waistcoat လေးထပ်ကာ ဝတ်ဆင်ထားသော ဖြူပါးပါးကောင်လေးက သူနှင့်မျက်နှာချင်းဆိုင်ရပ်နေသော ကောင်လေးကို " အစ်ကို " ဟု ညင်ညင်သာသာခေါ်ဆိုနေခြင်းဖြစ်သည်။

ဪ ဝန်းငယ် ရန်းကို ခေါ်နေတာမဟုတ်ဘူးပဲ။ ရန်း၏စိတ်ထဲမှာ ထိုကောင်လေးက ရန်းကို ကြည့်နေပြီး ရန်းကို ခေါ်နေသလိုပင် ခံစားနေရသည်။

ဒါ ဘယ်နေရာပါလိမ့်။ ဘာလို့ဒီကိုရောက်နေတာလဲ။ သူတို့တွေကရော ဘယ်သူတွေလဲ။

" အစ်ကို ခေါ်နေတာကြားရဲ့လားဟင် "

သူ့ရှေ့ကကောင်လေး ။ ပုဆိုးကိုတိုတိုဝတ်ကာ လက်တစ်ဖက်မှာလဲ ပေါက်တူးတစ်လက်ဖြင့်။ အကာအကွယ်မရှိတဲ့ ခြေသလုံးတို့လက်မောင်းတို့မှာ ပြတ်ရာရှရာ အမာရွတ်တွေက ဟိုတစ်ကွက် ဒီတစ်ကွက်။ သို့သော် အပြင်ပန်းသဏ္ဍာန်နဲ့ကွဲပြားခြားနားစွာ မျက်ဝန်းအကြည့်တွေက နူးညံ့သိမ်မွေ့လျက်။

" အငယ် "

ဟင် ငါ ငါ ခေါ်လိုက်တာလား။

" အငယ်နဲ့အညိုရောင်နဲ့ သိပ်လိုက်ဖက်တာပဲ "

ဘာလို့ ငါ ဒီစကားတွေ ပြောနေရတာလဲ။ ဟိုကောင်လေးပြောတဲ့အတိုင်း ဘာလို့ လိုက်ပြောနေရတာလဲ။

When You Find Lost Love AgainWhere stories live. Discover now