Part - 41

2K 137 4
                                    

ဒီနေ့  အစီအစဥ်ရိုက်ကူးဖို့ ရန်း ရှူတင်ရှိတဲ့နေရာဆီ ရောက်လာခဲ့သည်။ သို့သော်လည်း ရောက်ရောက်ချင်းမှာပင် မြင်လိုက်ရတဲ့ ဧည့်သည်တော်ကြောင့် ပြောစရာစကားမဲ့ရသည်။

" သူပဲလား တခြား Guest တွေမရှိတော့ဘူးလား "

ပင်ကိုအသားအရည်ကဖြူသော်လည်း ဝတ်ထားတဲ့ အဝါရောင်ဟူဒီကြောင့် ပိုမိုဝင်းလက်နေသည်။ ထိုင်ခုံတစ်လုံးပေါ်ခြေချိတ်ထိုင်ကာ ဟန်ပါပါစာအုပ်ဖတ်နေသူက ရန်းလာတာကို သိသေးပုံမပေါ်။

ဘယ်နှပတ်တောင်ရှိနေပြီလဲ။လနဲ့ပင်ချီနေပြီ။ရန်းအစီအစဥ်ကို အပတ်တိုင်းလာပြီး နှောင့်ယှက်နေတာ။ ရှူတင်ရှိနေလျှင်လည်း ရှူတင်ကိုဖျက်ပြီး ရန်းဆီကိုလာသည်။ မသိရင် ပင်တိုင် အစီအစဥ်တင်ဆက်သူက ဝန်းလို့ပင် ထင်ရသည်။

အပတ်တိုင်း Guest က ဝန်းဖြစ်ပြီး ထုတ်လွှင့်လျှင်လည်း ပရိသတ်ကကြိုက်ကြသည်မို့ တာဝန်ရှိသူကဖိတ်ဖိတ်မဖိတ်ဖိတ် ဝန်း ရောက်ရောက်လာတာကို ဘာမှမပြောပေ။  ရန်းကတော့ ပြောရတော့မည်။

" ဒီတစ်ခါလည်း သူပဲဆို ဒီအစီအစဥ်ကို ကျွန်တော်မလုပ်နိုင်တော့ဘူး "

ရန်း အသံက အနည်းငယ်ကျယ်သွားတာကြောင့် ဝန်း လှည့်ကြည့်လာသည်။
တာဝန်ရှိသူကလည်း အနည်းငယ်လန့်သွားပြီး ဝန်းကို ဖြောင်းဖျရန် ကြိုးစားမည်ဖြစ်ပြီး ဒီနေ့တော့ ရိုက်ကူးပေးပါလို့ တောင်းဆိုလာတာကြောင့် စိတ်လျှော့ကာ လက်ခံလိုက်သည်။

အစီအစဥ်က လက်တန်းရိုက်တာဖြစ်တာပြီး guest တွေသိချင်တဲ့အပင်တွေ အကြောင်း၊ အပင်ကိုပြုစုပျိုးထောင်ပုံတွေကို  ရန်းက အသေးစိတ်ပြန်လည်ဖြေကြားပေးရခြင်းဖြစ်သည်။

" ဒီတပတ်အတွက် ဘာအပင်​လေးကိုရွေးထားလဲ "

TV ဖန်သားပြင်ပေါ်မှာ ပြမှာဖြစ်ပြီး လူပေါင်းများစွာကြည့်မှာဖြစ်တာကြောင့် ရန်း ဝန်းနဲ့ မျက်နှာချင်းဆိုင်ကြည့်ကာချိုသာပြေပြစ်စွာ ပြောရသည်။ဒီအခိုက်အတန့်ကို ဝန်းက လိုချင်တာဖြစ်သည်။
ဒါကြောင့် အပင်အကြောင်းစိတ်မဝင်စားဘဲ အပတ်တိုင်း မရမက Guest လာလုပ်နေခြင်းဖြစ်သည်။

When You Find Lost Love AgainWhere stories live. Discover now