" ဝုန်းးးးဒုန်းးးးအားးး "
" ဟာ.. "
" ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ "
" မီးဆိုင်းပြုတ်ကျတာ "
" ဟာ ဘယ်သူထိသွားလဲ "
" ချိန်း ပေါ်ပြုတ်ကျတာ "
" လွှား လွှား ထိတာ "
ကျယ်လောင်သော အသံကြီးတစ်ခု
ဝုန်းခနဲ ဟိန်းထွက်လာပြီးနောက် အမှောင်အတိကျသွားတဲ့ ပတ်ဝန်းကျင်။ ပါတီတစ်ခုလုံး ရုတ်ရုတ်သဲသဲ ။ ဘာမှ ရေရေရာရာ မရှိဘဲတစ်ယောက်တစ်ပေါက်နဲ့ ဆူညံနေသော လူအုပ်ကြီး ။ ထိုအချိန်တွင် မီးဆိုင်း အောက်မှာ ပိနေသော လူသား တစ်ဦး ။စကားပြောနေရင်းကပင် တစ်စုံတစ်ယောက်ရဲ့ တွန်းထုတ်ခြင်း ခံလိုက်ရတာကြောင့် ဝန်း အရှိန်မထိန်းနိုင်စွာ လဲကျသွားသည်။ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ သိပေမယ့် နားတွေ အူကာ ဘာမှ မကြားရ ။ နေရာကနေ ပတ်ဝန်းကျင်ကိုကြောင်အစွာ ကြည့်မိတော့
" လွှား ! လွှား ! "
မီးဆိုင်းအောက်ကနေ လွှားကို ဆွဲထုတ်နေကြသည်။ လွှား တစ်ကိုယ်လုံး သွေးတွေနဲ့ နီကျင်နေသည် ။ ယောကျာ်းသား တစ်ချို့ရဲ့"မကြည့်ကြနဲ့ မကြည့်ကြနဲ့ " ဆိုတဲ့ အသံက တလောက လုံးကို ဖုံးလွှမ်းနေသည်။
" ကို....ကို "
" လွှား ဘာဖြစ်လို့ ဟာ ကိုယ် "
" ကို...ကို "
" ကိုယ်... ကိုယ် ... တို့ဆေးရုံသွားမယ် ခန ... ခန ..လေးနော် လွှား "
လွှား ကို ချီမကာ ပြေးလိုက်သည် ဘယ်ကို ပြေးနေမှန်းတော့ ဝန်း မသိ ။ တစ်ယောက်ယောက်က ဝန်း ကို ဆွဲကာ ကားတစ်စီးထဲ တွန်းထဲ့ လိုက်မှန်းတော့ ဝန်း သိသည်။
" ချစ်...တယ် "
ဝန်း မျက်နှာကို လက်သွယ်သွယ်လေးတွေနဲ့ လာထိကာ အားတင်းကာ ဆိုတဲ့စကား က ချစ်တယ် တဲ့ ။ ရူးမိုက်လိုက်တာ လွှားရယ်။
ပြေလျော့သွားတဲ့ လက်တွေ ၊ မှိတ်ကျသွားတဲ့ မျက်ဝန်း တစ်စုံ ၊ တဖြည်းဖြည်း နှေးသထက် နှေးလာတဲ့ နှလုံးခုန်သံ ။
" လွှား ! သတိထားပါဦး... လွှား ! ကိုယ်တို့ ဆေးရုံရောက်တော့မှာလေ... သတိထားပါဦး... လွှား! လွှား ! "