Character (2)

5.1K 391 9
                                    

" ဒီနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး  သရုပ်ဆောင်ဆုကို ရရှိသွားတဲ့ သူကတော့...... "

ဆုပေးပွဲ ကို တက်ရောက်လာတဲ့ စကာတင်စာရင်းဝင် သရုပ်ဆောင် တွေသာမက TV ဖန်သားပြင်ကနေ ကြည့်ရှူနေကြတဲ့ တစ်နိုင်ငံလုံးက ပရိတ်သတ်တွေကပါ ရလဒ်ကို ရင်ခုန်စွာ
စောင့်စားနေကြသည်။

" ချိန်း ! "

ဆုကြေငြာသူက တစ်လုံးတည်းသော အမည်နာမ ကို တိကျပြတ်သားစွာ ကြေငြာလိုက်ပြီးနောက်မှာ ခန်းမကြီးထဲ လက်ခုပ်သြဘာသံများနဲ့ ပြည့်နှက်သွားပြီး ဒီနေ့ရဲ့ အဓိက ဇာတ်ဆောင်အား ပွေ့ဖက်ကြ ဂုဏ်ပြုစကားပြောကြနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ထိုနည်းတူစွာ တနိုင်ငံလုံးတွင်လည်း ထခုန်က ကာ ဝမ်းမြောက်နေကြသူတွေလည်း အများအပြား။

စင်မြင့်ထက်တွင် ဆုလက်ခံပြီးနောက် ကျေးဇူးတင်စကားပြောရန်အတွက် မိုက်ကို ကိုင်လိုက်ကာ

" မင်္ဂလာပါ ချိန်း ပါ
ကျေးဇူးတင်ထိုက်တဲ့ ကျေးဇူးရှင်တွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ် "

ကျေးဇူးတင်စကားကို တိုတိုတုတ်တုတ်ပြော သွားတာကိုက သူ ရဲ့ ဆွဲဆောင်မှုတစ်ခုပင်။

" ဂုဏ်ပြုပါတီ ရှိတယ်နော် ချိန်း "

ဆုပေးပွဲက အပြန်လမ်းမှာ မန်နေဂျာ ကိုနေဦး ပြောလိုက်တဲ့ စကားကြောင့် သူ မျက်မှောင်ကြုတ်လိုက်သည်။

" ညတွင်းချင်းလား "

" အင်း ကုမ္ပဏီက အကုန်စီစဥ်ထားပြီး​ပြီ အနုပညာရှင်တွေကိုလည်း ဖိတ်ထားပြီ မီဒီယာတွေကိုလည်း ခေါ်ထားတယ် "

သူ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူတို့ စီးပွားရေးကိုပဲ ကြည့်တဲ့ တစ်ကိုယ်ကောင်း သမားတွေ။ စာချုပ်ပြည့်ရင်တော့ လက်တွဲဖြုတ်လိုက်တော့မယ်။

မင်္ဂလာပါ
ကျွန်တော့်နာမည် ရှိန်းမြင့်မိုရ်ဝန်း ပါ အနုပညာနာမည်ကတော့ ချိန်း ပါ။
အသက် 23 နှစ်ပါ။ International Relations major ကို ယူထားပြီး တတိယနှစ်နဲ့ ကျောင်းနားထားတာမို့ စာပေပညာဆုံးခန်းမတိုင်သေးဘူး ပြောရမှာပေါ့။
ရန်ကုန်ကပါပဲ။

When You Find Lost Love AgainWhere stories live. Discover now