Part - 22

2K 216 66
                                    

" လွှားကို ကိုယ်က စောစောထတတ်တဲ့ ငှက်ကလေးလို့ ထင်ထားတာ လွှားက အိပ်ပုတ်ကြီးတဲ့ ခိုအားလားလေး ဖြစ်နေတာပဲ "

ဖြူဖျော့ဖျော့လက်ချောင်းလေးတွေကို ရေစိုအဝတ်လေးနဲ့ ညင်ညင်သာသာသုတ်သင်ပေးနေရင်း ငြိမ်ငြိမ်သက်သက်လေး လှဲလျောင်းအိပ်စက်နေတဲ့ ကောင်ငယ်လေးကို ခိုအားလား လို့ နာမည်ပေးနေမိသည်။

" လွှား အိပ်နေတာ သုံးရက်ကြီးတောင် ရှိနေပြီ မညောင်းသေးဘူးလား ဟင် ထ လာပါတော့ ကိုယ် တောင်းပန်ပါတယ် "

မည်သို့ပင် တောင်းပန်စေကာမူ အိပ်မောကျနေတဲ့ ခိုအားလားလေးက နိုးထချင်စိတ် မရှိဘူးထင်သည်။

အထူးကြပ်မတ်ခန်းထဲ ၂၄ နာရီစောင့်ကြည့်ပြီးကာမှ စိတ်ချရပြီဟု ဆိုကာ အစ်ကိုနဲ့ အခန်းချင်းကပ်လျက် V.I.P အခန်းကို ပြောင်းရွှေ့ပေးထားသည်။
ဆရာဝန်က စိတ်ချရပြီသာပြောတာ လွှားက အခုထိ အောက်ဆီဂျင် ပေးထားရတုန်း ၊ အခုထိ အိပ်နေတုန်း ။

" လွှား သိပ်ချစ်တဲ့ လွှားဖေဖေနဲ့ဖေကြီးက ဒီနေ့ညနေဆိုရောက်လာတော့မှာ
လွှားလည်း အရမ်းလွမ်းနေတယ်မလား လွှားဖေဖေတို့ရောက်လာရင် လွှားသတိရလာမယ်မလားဟင် "

အက်ဆီးဒန့် စဖြစ်တဲ့နေ့က ရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့် လွှားမိဘတွေဆီ ချက်ချင်းဆက်သွယ်ဖို့ မတတ်နိုင်ခဲ့ပေ။ နောက်တစ်နေ့ မှဆက်သွယ်ဖြစ်ခဲ့ပြီး မထင်မှတ်ထားတဲ့ သတင်းစကားဆိုးကြောင့် လွှားမိဘတွေ အထိတ်တလန့်ဖြစ်ကာ လွှားဖေဖေ မေ့လဲသွားခဲ့သည်။ ထိုသို့သော အခြေအနေတွေကြောင့် လွှားမိဘတွေက သုံးရက်အကြာမှ ရောက်လာခြင်းဖြစ်သည်။ လွှားရဲ့ခွဲစိတ်မှုအောင်မြင်သည်ဟု သိထားသော်လည်း စိုးရိမ်ပူပန်မှုတွေက မြူမှုန်တစ်စက်မျှပင် ပျောက်သွားမှာ မဟုတ်ကြောင်း ဝန်းသိသည်။
ခက်ခက်ခဲခဲ ရထားတဲ့ အဖိုးတန် အသွေးအသားလေး မဟုတ်လား။

" ကိုယ် ရင်မဆိုင်ရဲဘူး.... လွှား ဖေဖေ နဲ့ ဖေကြီးက ကိုယ့်ကိုစိတ်ဆိုးနေမှာပဲနော် လွှား က မြန်မြန်သတိရလာပေးပါတော့ "

တကယ်ပင် လွှားဖေဖေတို့ကို တွေ့ဖို့ ဝန်လေးနေမိသည်။

" ခြောက်နာရီထိုးသွားပြီပဲ "

When You Find Lost Love AgainWhere stories live. Discover now