Part - 11

1.8K 205 32
                                    

တချို့ တချို့သော နေ့ရက်တွေမှာ အိပ်ဆေးကို မှီတွယ်ပြီး အိပ်ရတဲ့ ရန်း အဖို့ ဒီလိုနေ့မျိုးမှာ အိပ်ပျော်ဖို့ ဆိုတာ ဟိုးအ​ဝေးမှာ။ သ​ဘောကျရတဲ့ ရင်ခွင်ကြီးထဲ စွဲလမ်းရတဲ့ ကိုယ်သင်းနံ့ကို ရှူရှိုက်ကာ အတွေးတွေက တောင်ရောက်မြောက်ရောက်။ ပင်ပန်းနေတဲ့ ကိုယ်တော်ချွဲကတော့ ဘေးမှာ ကိုယ်ရှိနေတော့ စိတ်ချလက်ချနဲ့ အိပ်မောကျနေလေရဲ့။

ရန်း တန်ဖိုးထားရဲ့ ဒီကောင်လေး ၊ ရန်း ချစ်မြတ်နိုးရ တဲ့ ဒီကောင်လေး က ရန်း ဆီက ထွက်သွားမှာကို ကြောက်တယ်။ရန်းကို မချစ်တော့မှာ ကြောက်တယ်။ ရန်းထက် သူများကို ဦးစားပေးသွားမှာကို ကြောက်တယ်။ ရန်းထက် သူများကို လိုအပ်သွားမှာ ကြောက်တယ်။
အင်း.. ရန်း သိပ်ကြောက်နေတယ်။ အရာအားလုံးကို....။

အိမ်ရှေ့က တံခါးဖွင့်လိုက်တဲ့ အသံကြောင့် ကိုနေဦး ရောက်လာပြီဆိုတာ သိလိုက်ပြီ။ ဝန်း ရဲ့ အခန်း လျို့ဝှက်နံပါတ်ကို ဝန်း ရယ် ရန်း ရယ် ကိုနေဦးရယ် သုံးယောက်ပဲ သိတာကြောင့် တံခါးဖွင့်သူက ကိုနေဦးဆိုတာ တပ်အပ်သိလိုက်သည်။ ကိုနေဦးက အချိန်တိကျလိုက်တာ ။ 5 နာရီ ကွက်တိ ရောက်လာသည်။ က​လေးက ဘယ်လောက်မှတောင် မအိပ်ရသေးဘူး။

အရင်ဆုံး ဝန်းကို မနှိုးသေးဘဲ
ဝန်းရင်ခွင်ထဲကနေ ဖြည်းညှင်းစွာ ထွက်ကာ ထ လိုက်သည်။အပြင်ထွက်လိုက်တော့ အိပ်ခန်းတံခါးကို ဖွင့်ဖို့ လုပ်နေတဲ့ ကိုနေဦးနဲ့ ပက်ပင်းတိုးသည်။

" ရောက်နေတာလား "

အံ့သြခြင်းမရှိပေမယ့် အလိုမကျခြင်းတွေကတော့ ကိုနေဦးရဲ့ မျက်နှာမှာ ပေါ်နေတယ်။ ရန်း ဝန်းဆီလာတာကို သူတို့မှ သဘောမကျဘဲ။

" ဟုတ် ကိုနေဦး ကားထဲမှာ စောင့်နေလိုက်ပါလား ဝန်းကို ကျွန်တော်နိုးပြီး လွှတ်လိုက်မယ် "

အိပ်မောကျနေတဲ့ကလေးကို နိုးဖို့ရာက တော်တော် စိတ်ရှည်မှ ရမှာမို့ ရန်း နိုးမှသာ အဆင်ပြေလိမ့်မည်။ ဒါကို ကိုနေဦးလည်း သိနေတာမို့ ဘာမှ အထွန့်မတက်ဘဲ ခေါင်းသာငြိမ့်ပြသည်။

" အထုတ်တွေရော "

" အာ ခန "

Luggage တစ်လုံးနဲ့ ကျောပိုးအိတ်လေး တစ်လုံးသာ ရှိတာမို့ Luggage ကို ကိုနေဦးထံ ပေးလိုက်သည်။

When You Find Lost Love AgainWhere stories live. Discover now