Part - 9

1.9K 221 20
                                    

ရှပ်အင်္ကျီ အဖြူလွှလွှကို သွယ်လျလျခန္ဓာကိုယ်ပေါ်  အကျအန ဝတ်ဆင်လိုက်ပြီး အင်္ကျီလက်ကို တံတောင်ဆစ်ထိ ​သေသပ်စွာ ခေါက်တင်လိုက်သည်။
တခြားသော ယောကျာ်းသားတွေလို ဗလကြီးတွေ မရှိပေမယ့် လက်သွယ်သွယ်လေးပေါ်က သွေးကြောမျှင်မျှင်လေးတွေက စွဲဆောင်မှုအပြည့်နဲ့ ကြည့်လို့ကောင်းနေသည်။

ကြယ်သီးတစ်လုံးကို ဖြုတ်လိုက်တော့ တစွန်းတစပေါ်လာတဲ့ ရင်ဘတ်ဖွေးဖွေးလေးရယ် ကွက်ကွက်ကွင်းကွင်းပေါ်လာတဲ့ လည်တိုင်ကျော့ကျော့ပေါ်က ချစ်ရသူပေးထားတဲ့ အချစ်ရဲ့ သင်္ကေတလေးရယ်။ ထိုအမှတ်အသားလေးကို လက်နဲ့ဖွဖွထိတွေ့လိုက်ပြီး ရန်း ပြုံးမိသည်။ အရင်က ဒီလိုအမှတ်တွေပေးတာကို ရန်း မကြိုက်ဘူး။ လူအများနဲ့ ဆက်ဆံနေရတာကြောင့် ထိုသူစိမ်းလူတွေ တစ်မျိုးမြင်သွားမှာကို ရန်း စိုးရိမ်သည်။ ဝန်းက အကြင်နာတိုးလို့ မနေနိုင်စွာ ဖန်တီးပေးလိုက်တဲ့ အခါတိုင်း ဘယ်လောက်ပူအိုက်နေပါစေ လည်ပိတ်ပါတဲ့ အင်္ကျီ ကိုသာ ဝတ်ပြီး ဖုံးဖိထားခဲ့သည်။

အခုတော့ မဟုတ်တော့။ ပိုင်ရှင်ရှိကြောင်း ဖွင့်ဟထားသလို ချစ်သော​လေးက တံဆိပ်ခတ်ထားတာကိုလည်း မဖုံးဖိချင်တော့။ ဘယ်သူတွေ ဘယ်လိုမြင်ပါစေ ဒါကို ရန်း မရှက်ချင်တော့ဘူး။ ဖြစ်နိုင်မယ်ဆို အခုနေ ရန်းချစ်သူက ဘယ်သူလဲ လို့မေးလာတဲ့အခါ ဝန်း ပါလို့ ချက်ချင်းခေါင်းမော့ပြီး ဖြေလိုက်မိမှာ။

ရန်း ရဲ့ အလုပ်နေရာက ကိုယ့်အိမ်မှာပဲ ဖြစ်သလို အပင်လေးတွေကိုလည်း သယ်ရပြုရ နဲ့ ဂရုစိုက်ပေးနေရတာမို့ Slipper ကိုသာ စီးတာကြောင့် ခြေချောင်းသွယ်သွယ်လေးတွေ ထိပ်က ခြေသည်းခွံ ကြည်ကြည်လေးတွေ မြင်နေရသည်။ ခါးစည်းအမဲရောင်ကို ခါးမှာ ချည်လိုက်ပြီး ဆိုင်ဖွင့်ဖို့ရန် ဆိုင်းပြင်လိုက်သည်။

ရာသီဥတုက မနေ့ကသူမဟုတ်တဲ့အတိုင်း ဒီနေ့မှာတော့ ရန်း စိတ်နဲ့ ထပ်တူကျကာ ကြည်လင်လို့။ပုံသဏ္ဍန်အမျိုးမျိုးနဲ့ တိမ်စိုင်တွေက သိပ်လှနေတာကြောင့် ဖမ်းဆုပ်ချင်တဲ့စိတ်တို့က တဖွားဖွား။ ဖမ်းဆုပ်ခွင့်ရှိရင်တောင် ဖမ်းဆုပ်လို့မရတဲ့ အရာမလို့ မြင်ခွင့်ရ​နေတာကိုပဲ ကျေနပ်ရတော့မယ်။

When You Find Lost Love AgainNơi câu chuyện tồn tại. Hãy khám phá bây giờ