Character (3)

2.3K 197 3
                                    

" ကျွန်တော့်နာမည် လွှား ပါ သစ်ခက်လွှား ... ရှေ့ဆက်ပြီး ကြုံတွေ့ရမယ့် အသစ်အသစ်သော အရာတွေ နဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ရမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပေးထားတာလို့ ဖေဖေ ကပြောတယ်  "

"ကျွန်​တော်က အမေရိကန်နိုင်ငံမှာ မွေးတဲ့ အမေရိကန်နိုင်ငံသား မြန်မာလူမျိုး ပါ "

" ကျွန်​တော်မိဘတွေက အကြောင်းကြောင်းကြောင့် အမေရိကန်ကို ရွှေ့ပြောင်းလာပြီး အမေရိကန်နိုင်ငံသား ခံယူထားတာကြောင့် ကျွန်တော်သည်လည်း အမေရိကန်နိုင်ငံသား ဖြစ်လာတယ်​ပေါ့... ဒါပေမယ့် ကျွန်တော့်ဖေဖေကတော့ မြန်မာပြည်ကို အမြဲလိုလိုလွမ်းနေတတ်ပြီး မြန်မာမှုကို  မြတ်နိုးတဲ့ သူတစ်ယောက် "

" အိမ်မှာဆို မြန်မာစကားပဲ ပြောရမယ်ဆိုပြီး စည်းကမ်းသတ်မှတ်ထား သလို မကြာခဏ မြန်မာအစားအစာတွေ လုပ်ကျွေးတတ်တယ်... ငယ်ငယ်က ညအိပ်ယာဝင်တိုင်း မြန်မာပြည်ရဲ့အကြောင်းအရာတွေနဲ့သာ ချော့သိပ်တာမို့ လွှားက မြန်မာပြည် အကြောင်းကောင်းကောင်း သိတယ်  ပြီးတော့ လွှားလည်း ​ဖေဖေ့လို မြန်မာပြည်ကို ချစ်တယ် "

"လွှား အသက် 16 နှစ်မှာ မော်ဒယ်အလုပ်ကို စလုပ်နေပြီ Branches ဆိုတဲ့ လွှားရဲ့ အင်္ဂလိပ်နာမည်နဲ့ပေါ့ အခု လွှား က အသက် 19 ဆိုတော့ အနုပညာလောကထဲဝင်လာတာ 3 နှစ်လောက်​​​​တော့ရှိပြီ"

" လောလောဆယ် ဖေဖေတို့ရဲ့ အမိမြေ မြန်မာနိုင်ငံကို လွှားရောက်နေတယ်...  မြန်မာပြည်က ဒီဇိုင်နာတစ်ဦးရဲ့ ဖိတ်ခေါ်မှုကြောင့် လွှား မြန်မာပြည်ကို ရောက်လာခြင်း ဖြစ်တယ် ...လာတုန်းကတော့ ဖေဖေ သိပ်ချစ်တဲ့ ဖေဖေတို့ ဇာတိမြေလေးကို ရောက်ဖူးချင်တာကြောင့် အလည်သက်သက်လာတာဆိုပေမယ့် မထင်မှတ်ထားတဲ့ ကမ်းလှမ်းမှုတစ်ခုကြောင့် အချိန်တစ်ခုလောက်ထိ နေရဦးမယ် ထင်ပါတယ် "

မရည်ရွယ်ဘဲနဲ့ လက်ခံဖြစ်လိုက်တဲ့ အလုပ်တစ်ခုကြောင့် နောက် လ နဲ့ ချီပြီး မြန်မာပြည်မှာ နေရဦးမည်။ အလုပ်က စီစဥ်ပေးထားတဲ့ အဆင့်မြင့်ဟိုတယ်က အခန်းတစ်ခန်း ၊ အစားအသောက်ကို မနက်စာ ၊ နေ့လယ်စာ ၊ ညနေစာ ကို အချိန်မှန် လာပို့ပေးသည်။ လိုသေးမရှိအောင် အစစအရာရာ ဂရုစိုက်ပေးသည်။

When You Find Lost Love AgainTempat cerita menjadi hidup. Temukan sekarang