Part - 31

2.5K 254 323
                                    

အပြာရောင်မီးမှိန်မှိန်လေးထွန်းထားတဲ့
ဧည့်ခန်းလေးထဲ လူနှစ်ယောက်သည်တိတ်ဆိတ်ငြိမ်သက်စွာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
အတွေးတွေနယ်ကျွံနေသော ကောင်လေး၏မျက်နှာတွင် စိတ်ပျက်အားလျော့မှု ၊ ဆို့နစ်အားငယ်မှု ၊ ဝမ်းနည်းကြီးစိုးမှု ၊ စိတ်ခံစားချက်
မကောင်းသော အမှုပေါင်းများစွာ
အပြည့် ကြီးစိုးလွှမ်းခြုံထားသည်။ထိုကောင်လေးသည်အရာရာကို အရှုံးပေးထားပုံ ပေါ်နေသည်။

တစ်ဖက်တွင် ငြိမ်ငြိမ်ကုပ်ကုပ်လေးထိုင်ကာ ထိုကောင်လေး၏မျက်နှာရိပ်၊မျက်နှာကဲကို အရိပ်တကြည့်ကြည့် ကြည့်နေသော ကောင်ငယ်လေးတစ်ယောက်ရှိနေသည်။မိမိ၏လက်သည်းများကိုကုပ်ဖဲ့နေသော ကောင်ငယ်လေး၏ပုံသဏ္ဍန်မှာ အားငယ်မှု၊အားနာ
မှု၊ကြောက်ရွံ့မှုတွေ အထင်သားပေါ်လွင်နေသည်။

အချိန်အတော်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက်တွင် တုန်တုန်ရီရီနှင့်တိုးဖွဖွအသံလေး ထွက်ပေါ်လာခဲ့သည်။

" ကို..ကို "

အတွေးထဲသို့ နှစ်မြောနေသောလူတစ်ယောက်သည် ထိုတိုးညှင်းညှင်းအသံငယ်လေးကို ကြားသည့်ပုံ မပေါ်ပေ။

" ကိုကို "

" ဟင် "

အသံကိုနည်းနည်းမြှင့်ကာခေါ်ကာမှ
ကိုကို့စိတ်က လက်ရှိအခြေအနေဆီ ပြန်ရောက်လာပုံပေါ်သည်။

" လွှား ပြောလေ "

ခေါ်သံကြားလို့ လှည့်ကြည့်လိုက်ကာမှ ချက်ချင်းမျက်နှာလွှဲကာ အောက်ငုံ့သွားသည်။ဝန်းကို မျက်နှာချင်းဆိုင်ဖို့ မဝံ့မရဲ ဖြစ်နေသည်ထင်ပါသည်။

" လွှား...လွှား တောင်းပန်ပါတယ် လွှား တမင်ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး "

ခေါင်းလေးငုံ့ကာ တိုးဖွဖွလေး တောင်းပန်နေသော လွှား။
လွှားမှာ ဘာအပြစ်ရှိလို့လဲ ။ အနုပညာလောက က ဒီလိုလောကမျိုးပင်။သူများအပြစ်ကို ကိုယ့်အပြစ်လုပ်ပြီး ဝမ်းနည်းနေပြန်ပြီ။

ဝန်းက တိတ်ဆိတ်နေလို့ထင်သည် ခေါင်းမော့ကြည့်လာပြီး ဝန်းနဲ့မျက်လုံးချင်းဆုံတော့ ချက်ချင်းပြန်ငုံ့သွားပြန်သည်။ အမှားလုပ်ထားတဲ့သူမဟုတ်ပါဘဲနဲ့ စိုးရွံ့နေရှာသည်။

When You Find Lost Love AgainWhere stories live. Discover now