Part - 29

2.6K 269 153
                                    

" ကိုကို လာနေပြီလားဟင် မနက်ရောက်နေပြီ "

အချိန်ကား ဝေလီဝေလင်းအချိန်။မိုးပင်စင်စင်မလင်းသေးသည့် နှင်းမြူတွေဆိုင်းနေသောနံနက်ခင်း။ တညလုံး မအိပ်ဘဲ အလင်းရောင်ကိုထိုင်စောင့်နေသည်လား။ဝန်း သက်ပြင်းသဲ့သဲ့ တိုးညှင်းစွာချလိုက်သည်။

ဘေးကိုကြည့်လိုက်တော့အစ်ကို့ကိုမတွေ့ရ။အိပ်ယာထဲကထွက်လိုက်ကာ
အစ်ကို့ကို ရှာပုံတော်ဖွင့်တော့ မီးဖိုခန်းထဲမှာ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေသောအစ်ကို။ အစ်ကို့ကို မြင်တွေ့လိုက်ရမှ စိတ်သက်သာရာရသွားသည်။ အစ်ကို့နားကို ဝန်း သွားကာ အစ်ကို့ဘေးမှာဝင်ထိုင်လိုက်သည်။တဖက်ကလည်းကိုင်ထားသော ဖုန်းလေးကို သတိရကာ ပြန်ဖြေလိုက်သည်။

" ကိုယ်က အစ်ကို့ဆီမှာပဲရှိသေးတယ် ခနနေ အစ်ကိုနဲ့အတူလာခဲ့မယ်နော် "

အစ်ကိုက ဝန်းကို တချက်လှည့်ကြည့်လာပြီး သူလုပ်စရာရှိတာ ပြန်လုပ်နေသည်။

" အစ်ကိုဆိုတာ ကိုရှေးဆက်ရန်းကိုပြောတာလား"

တဖက်ဆီမှ ထွက်လာသော လွှားရဲ့အသံ​လေးက ဖျော့တော့အားငယ်စွာ။

" အင်း ဟုတ်တယ်လေ အစ်ကိုက လွှားကို ကျေးဇူးတင်ချင်လို့တဲ့ "

အဝါ​ရောင်နှင်းဆီပန်းများကို လှပသေသပ်သော ပန်းစည်းကြီးတစ်ခု အဖြစ်ဖန်တီးနေတဲ့ အစ်ကို့ပုံက အေးအေးချမ်းချမ်းပင်။ စားပွဲပေါ်မှာ ပန်းသီး၊လိမ္မော်သီး၊သစ်တော်သီး၊စပျစ်သီး၊ထောပတ်သီးနဲ့တခြားအသီးမျိုးစုံပါတဲ့ သစ်သီးခြင်းတစ်ခြင်းရှိသေးသည်။ လွှားဆီသွားတဲ့အခါ ယူဆောင်သွားဖို့ ပြင်ဆင်ထားတယ် ထင်ပါသည်။

" ဘာကိုကျေးဇူးတင်မှာလဲဟင် ကိုရှေးဆက်ရန်းဆီမှာ လွှားကျေးဇူးမရှိပါဘူး "

လွှားစကားကို ကြားပြီး ဝန်း တိတ်ဆိတ်သွားသည်။ လွှားစကားက မှန်သလိုလိုရှိ​ပြန်သည်။

" မင်းက ငါ့အသက်လေးလေ ၊ ငါ့အသက်လေးကို ကယ်ခဲ့တာမို့ ငါကကျေးဇူးတင်ရမှာပေါ့ "

ညင်းသဲ့သဲ့လေးပြောလာသော အစ်ကို့စကားသံကြောင့် ဝန်း သွက်လက်စွာပြုံးလိုက်သည်။ဟုတ်သည်။အစ်ကိုက လွှားဝန်းကို ကယ်ခဲ့တာကြောင့် လွှားကိုကျေးဇူးတင်ချင်နေမှာ ။ အစ်ကိုက ဝန်းကို သိပ်ချစ်သည်လေ။

When You Find Lost Love AgainWhere stories live. Discover now