Part - 3

3.1K 325 7
                                    

ကုတင်ထက်မှာ ခန္ဓာကိုယ် အချိုးအစား မတိမ်းမယိမ်းနဲ့ ကောင်လေးနှစ်ဦး မျက်နှာချင်းဆိုင်ကာ လှဲလျောင်းနေကြသည်။

ရန်းက နေ့လယ်​နေ့ခင်းတွေမှာ အိပ်တတ်တဲ့ အကျင့်မရှိ​ပေမယ့် ဘာမှ လုပ်စရာ မရှိတာကြောင့် ဝန်း ဘေးမှာ လာလှဲနေခြင်းဖြစ်သည်။

" ဒီနေ့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ "

" အိပ်ယာနိုးရင် နေ့လယ်စာ စားမယ် ပြီးရင် TV ကြည့်မယ် ညစာ စားမယ် ပြီးရင်တော့ ငါ ပြန်တော့မယ် ဆိုင်က အကြာကြီး ပစ်ထားလို့ မကောင်းဘူးလေ  "

ဒီလိုရိုးစင်းလွန်းတဲ့ အစီအစဥ်ကို အကို ပြောလာခဲ့မယ်ဆိုတာ ဝန်း သိပြီးသား ။တပြိုင်နက်ထဲမှာပင် အကို့ကို အားနာမိသည်။

သာမန်စုံတွဲတွေလို သွားချင်တဲ့နေရာသွားလာပြီး လှပတဲ့နေရာမရွေးမှာ Date လုပ်လို့မရတဲ့ ချိန်း ရဲ့ ကောင်လေး ဖြစ်နေတယ်မလား။ ဘယ်လောက်ပဲ ငါက သာမန်ကောင်လေး ရှိန်းမြင့်မိုရ်ဝန်းရဲ့ ချစ်သူပါလို့ ပြောနေပါစေ ချိန်းဆိုတဲ့ ဖြစ်တည်မှုကို မေ့ထားလို့မှ မရဘဲ။

ဝန်း အတွက်ကြောင့် အပြင်သွားဖို့ တစ်ခါမှ မပူဆာခဲ့ဘူး။ အကိုလည်း ခိုးကြောင်ခိုးဝှက် နဲ့ ဘယ်နေချင်ပါ့မလဲ။

" အပြင်လျှောက်လည်ကြမလား ရှားရှားပါးပါး နားရက်လေးလေ "

" အဲ့ဒါကြောင့်မို့လေ အပြင်လျှောက်သွားရင် သွားတာလာတာနဲ့ အချိန်ကုန်သွားမှာ ရာသီဥတုက ပူသေး အိမ်ထဲမှာပဲ တနေကုန် နေတော့ မင်းနဲ့ ပို​ပြီးအချိန်ဖြုန်း လို့ရတယ်လေ "

ဝန်း ပြုံးလိုက်မိသည်။ အကိုက အရမ်း နားလည်ပေးတတ်တဲ့ သူမျိုး။ ခုလည်း ဝန်း စိတ်မကောင်းမှာ စိုးလို့ စိတ်သက်သာ​အောင် စကားလှလှလေးတွေ သုံးပြီး ပြောနေတာ။

" ကျွန်တော်က အဆင်ပြေပါတယ် "

" ငါလည်း အဆင်ပြေတယ်လေ "

" အကိုနဲ့ဆို ဘယ်နေရာဖြစ်ဖြစ် သွားချင်တယ် သွားနိုင်တယ် "

" ငါတော့မသွားနိုင်ဘူး လူတွေအုံလာရင် စိတ်ကျဥ်းကျပ်တယ် "

When You Find Lost Love AgainDonde viven las historias. Descúbrelo ahora