Part - 18

2K 217 83
                                    

" ဒေါက် ဒေါက် ဒေါက် "

ရည်ရွယ်ချက်မဲ့စွာ စားပွဲခုံကို ခေါက်နေမိသည်။ လေပူတွေမှုတ်နေမိတာလည်း အကြိမ်ကြိမ် ။ ဘာအတွက်ကြောင့် သူ ဒီလိုတွေ ဖြစ်နေတာလဲမသိ။ စိတ်အလိုမကျဖြစ်နေတာတော့ အမှန်ပင်။

ဒီနေ့ ရန်း ရဲ့ အစီအစဥ် ရိုက်ကူးမယ့်နေ့ ။ အမြဲတမ်း တက်ကြွပျော်ရွှင်နေတဲ့ ရန်းက ဒီနေ့မှာတော့ သူမတူစွာ ငူငူငိုင်ငိုင်။ မတွေ့ဆုံချင်ဘူး ။ တွေ့ဆုံရမှာကို သဘောမကျဘူး ။

ရန်း အစီအစဥ် မှာ ဝန်း လာရမယ်လို့ စသိတော့ စိတ်ပျက်သွားမိသည်။ လူအများရဲ့ ​ရှေ့မှာ ပထမဦးဆုံး အကြိမ်
ချစ်ရသူနဲ့ အတူတူ ရှိခွင့်ရမယ့် အခွင့်အရေး ဆိုပေမယ့် ချစ်ရသူနဲ့ ကိုယ်နဲ့ နှစ်ယောက်ထဲ မှ မဟုတ်ဘဲ ။ လူတွေက ရန်း နဲ့ ဝန်း ဆိုပြီး မြင်ကြမှာမဟုတ်ဘဲ ဝန်း နဲ့ တခြားသူကို တွဲ မြင်ကြလိမ့်မယ် ။ ဒါကို ရန်းက ဘေးကနေ ထိုင်ကြည့်နေရမယ့် ဘေးလူ။

တစ်လ လုံး ဇာတ်လမ်းတွဲအတွက် မနားမနေ အချိန်ဇယားပြည့်နေတဲ့ ဝန်းက မနက်ဖြန်ဘယ်သွားရမလဲဆိုတာကို ဒီနေ့ညလိုမှ သိရသည်။ တစ်ခါတစ်လေ များ ဘယ်သွားရမယ်တောင်မသိ ခေါ်သွားတဲ့ နေရာကို လိုက်သွားရတာမျိုးတွေ ။ ရန်းအစီအစဥ်မှာ ဝန်းတို့လာရမှာကိုတောင် ရန်း ပြောမှ ဝန်း က သိခြင်း ။
ကိုယ် သက်​​ပြင်း​မောချတော့ ဝန်းက ပြောနေကျ စကားတွေနဲ့ ဖြောင်းဖျပြန်သည်။ ​သေချာစဥ်းစားကြည့်ပြန်တော့ ဘာမှ ပတ်သက်ဆက်နွယ်ခြင်း
မရှိတဲ့ လူတစ်ယောက်အား တွေ့ဆုံရမှာ ကို ဘာ​တွေ စိတ်မောစရာလိုလို့လဲ။ အလုပ်မှာ personal ခံစားချက်ကို ထည့်မထားသင့်တာကို ရန်း သိရက်နဲ့ ဖယ်ထုတ်လို့မရအောင် သူ့အလိုလို ဝင်ဝင်လာတဲ့ ​သေးနုပ်တဲ့အတွေးတွေ။

" ကိုရှေးဆက်ရန်း "

နာမည်ခေါ်ကာ အနားရောက်လာတဲ့ ရိုက်ကွင်းမန်နေဂျာ နဲ့ ဇာတ်ညွှန်းဆရာမက ပြုံးစိစိ။

" ပထမဆုံး ဧည့်သည် လာမှာမလို့ စိတ်လှုပ်ရှားနေတာ ထင်တယ် "

ကိုယ့်ကိုယ်ကိုတောင် ဘာဖြစ်နေတာလဲ မသိတာမို့ ပြုံးသာပြ၍ အဖြေပေးလိုက်သည်။

When You Find Lost Love AgainWhere stories live. Discover now