Part - 4

2.8K 289 14
                                    

" ဒီအပင်လေး ယူမယ်နော် "

မျက်စိရှေ့ရောက်လာတဲ့ အဖြူရောင် Cyclamen ပန်းအိုးလေး ။ Customer ကို ကြည့်လိုက်တော့ ခပ်ယဲ့ယဲ့ပြုံးထားတဲ့ မျက်နှာထားမှာ မျက်ဝန်းတွေကတော့ ဆွေးမြေ့မြေ့။ Cyclamen ဆိုတဲ့ အပင်လေးက ပြီးဆုံးသွားတဲ့ဆက်ဆံရေး ကို ကိုယ်စားပြုတဲ့ winter plant လေးမဟုတ်လား။

Customer အများစုက အပင်လေးတွေရဲ့ အဓိပ္ပါယ်ကို ကြည့်ပြီး ဝယ်တတ်တာမို့ အကြားအမြင်ရနေတဲ့သူ မဟုတ်​ပေ
မယ့် သူတို့ရွေးချယ်တဲ့ အပင်ကိုကြည့်ပြီး သူတို့ အခြေအနေတွေကို ရန်းနားလည်တတ်နေပြီ။

" သေချာလှလှလေး ထုတ်ပိုးပေးပါနော် "

" ဟုတ်ကဲ့ဗျ "

" ဒီအပင်လေးက ကြာရှည်ခံလားဟင် "

" သေချာ care လုပ်ပေးရင် ခံပါတယ်ဗျ ကျွန်တော် ပြုစုပုံလေး ရေးပေးလိုက်မယ်နော် "

" ဟုတ် သေချာပြုစုပါ့မလားတော့မသိဘူး "

ပြုံးကာပြောနေပေမယ့် အဲ့အပြုံးက နာကျင်နေတဲ့ အပြုံး။ ချစ်လျက်နဲ့ဝေးသွားတာမျိုးလား။

" ပန်းစည်းရော လုပ်ပေးတာလားရှင့် "

ဘေးမှာတင်ထားတဲ့ ရန်း ကိုယ်တိုင်စည်းထားတဲ့ နေကြာပန်းစည်းလေးကို ကြည့်ကာမေးလာသည်။

" အာ မလုပ်ဘူးဗျ ဒါလေးက အပြင်ကနေ ပန်းဝယ်ပြီး စည်းထားတာဗျ "

" အော် နေကြာတွေ လှလိုက်တာ "

အင်း နေကြာတွေက လှတာပေါ့။နာမည်လေးကိုက နေကြာ တဲ့ ။

" သဘောကျရင် ဟိုဘက်လမ်းက ပန်းအတုတွေ ရောင်းတဲ့ဆိုင်မှာ ရနိုင်တယ်ဗျ "

" ဒါတွေက ပန်းအတုတွေလား အစစ်ကျလို့ "

ပန်းတွေကို ကိုင်ကြည့်ပြီး အံ့သြတကြီး ဆိုလာသည်။ တကယ်ကို အတုလို့မထင်ရအောင် ဖန်တီးထားမို့ ရန်း ပင် စစချင်း အစစ်ထင်လို့ နှမြောမိသေးသည်။ ပန်းတွေက ပန်းပွင့်ရာနေရာမှာပဲ ရှိသင့်တယ်မဟုတ်လား။

" ပန်းတွေရဲ့ သဘာဝကျတော့လည်း အစစ်ဆို ညှိုးလွယ် ကြွေလွယ်ပြီး အတုများကျတော့ တစ်သက်လုံး ပုံမပျက်ဘဲ ကြာရှည်ခံလိုက်တာ "

When You Find Lost Love AgainWhere stories live. Discover now