Part - 35

2.2K 174 51
                                    

" လွှား မအိပ်သေးဘူးလား "

ကိုကို့တစ်ဦးပိုင်စိတ်နဲ့ လုပ်ချင်တာတွေလုပ်ခဲ့တဲ့ ကိုကို ၊ ပြန်လာတော့မနက်၂နာရီ။ ဘယ်ကပြန်လာလဲ လို့ မေးရင် ကိုကိုဖြေဖို့ အဆင်ပြေမည်မဟုတ်တာကြောင့် မမေးတော့ပါဘူး​လေ။အဖြေက လွှားဆီရှိပြီးသားမဟုတ်လား။ကိုကို့ရဲ့အားလျော့ညှိုးနွမ်းနေတဲ့မျက်နှာကို လွှားမကြည့်ရက်။ဒါတွေအားလုံးက လွှားကြောင့် ။

မင်္ဂလာသတင်းကို ဘာမှမတိုင်ပင်မဆွေးနွေးဘဲ တစ်ယောက်ထဲဆုံးဖြတ်ချက်နဲ့ တစ်နိုင်ငံလုံးကိုအသိပေးလာခဲ့တယ်။ ပြီးတော့ သူကိုယ်တိုင်ပြောခဲ့တဲ့ သူမင်္ဂလာဆောင်မဲ့ လွှားဆီကို ဝမ်းနည်းပက်လက်နဲ့ ပြန်လာခဲ့တယ်။ ကိုကိုဒီလိုဖြစ်နေတာကလည်း လွှားကြောင့်။

" ကိုကိုနဲ့ စကားပြောချင်လို့ စောင့်နေတာ "

ဝန်း ဝင်လာတာနဲ့ ဧည့်ဆိုဖာပေါ်ထိုင်နေရာကနေ ထရပ်လိုက်တဲ့ ကောင်ငယ်လေးဟာ ဖြူဖျော့ဖျော့။ အားအင်မဲ့စွာနဲ့ ယိုင်တိယိုင်တိုင်ရပ်နေသည့် ထိုကောင်လေးရဲ့မျက်ဝန်းတွေဟာ ဖျော့တော့စွာ။ဒီရက်ပိုင်းတွေမှာ လွှားရဲ့မှတ်ဉာဏ်တွေက သိသိသာသာပျောက်ဆုံးလာသည်။
အရင်လို တစ်ကိုယ်ရည်အရေးတွေကိုမေ့ရုံတင်မဟုတ် လူတွေကိုပါ မေ့လာသည်။ နောက်ကျရင် ဘာကိုများမှတ်မိနေနိုင်ဦးမလဲ။

လွှားပြောချင်သည့် ထိုစကား ။ ဝန်း စခဲ့သည့် ဒီဇာတ်လမ်း။ ဒါပေမဲ့ ဒီကိစ္စကို ဝန်း မပြောချင်။ဝန်းရှောင်ချင်သည်။

" မနက်မှ ပြောရအောင် ကိုယ်နားချင်ပြီ လွှားလည်းအိပ်တော့နော် ညနက်နေပြီလေ "

ကိုကိုဟာ လွှားမျက်ဝန်းတွေကိုရှောင်ဖယ်ကာ ရုန်းထွက်ဖို့ကြိုးစားသည်။ ကိုကိုဟာ လွှားနဲ့ ပတ်သက်ဖို့ ကြံရွယ်တယ် ။ ကိုကိုဟာလွှားနဲ့ပတ်သက်ဖို့ တွန့်ဆုတ်နေတယ်။

" ကိုကို ဘာလို့ မဟုတ်တာတွေ ပြောခဲ့ရတာလဲဟင် "

တိုးဖွဖွအသံဟာ ကိုကိုနားစည်ကို ရိုက်ခတ်သွားသည်ထင်။ အခန်းထဲဝင်တော့မယ်ကိုကို့ခြေလှမ်းတွေ တန့်သွားသည်။ ထို့နောက် ကျောခိုင်းလျက်သားပင်...။

When You Find Lost Love AgainWhere stories live. Discover now