Part - 2

3.9K 381 11
                                    

ရေကလွဲပြီး ဘာမှမရှိတဲ့ ရေခဲသေတ္တာကိုမြင်ပြီး ရန်း ခေါင်းခါလိုက်သည်။ အရင်တစ်ခါ လာတုန်းက စားစရာတွေ အပြည့်ဖြည့်ပေးခဲ့တာ ကုန်ရင်လည်း ဝယ်မထဲ့ကြဘူး။ ဒီကွန်ဒို နဲ့ ရန်းအိမ်နဲ့က ပြဒါးတစ်လမ်း သံတစ်လမ်းမို့ တစ်ခါတစ်ခါ လာဖို့ရန်မလွယ်။နှစ်ပတ်တစ်ခါ သုံးပတ်တစ်ခါလောက်သာ ရောက်သည်။ ကျန်တဲ့ရက်တွေကတော့ အဆင်ပြေရာ တစ်နေရာမှာ တွေ့ကြတာက ခပ်များများရယ်။

Home Shopping ကနေ ချက်ပြုတ်စရာအသီးအနှံ အစုံအလင် ဝယ်ယူကာ order မှာလိုက်သည်။ order လာမပို့ခင်လေး ဝရန်တာကို ထွက်လိုက်ကာ ရန်း လာထားထားတဲ့ အပင်လေးတွေကို  ရေဖျန်းပေါင်းသင် လုပ်နေလိုက်သည်။ တနေ့တနေ့ အပင်တွေနဲ့ မထိတွေ့ရရင်ကို မနေနိုင်။ ဒီနေ့ ဆိုင်ပိတ်တာမို့ ငါ့အပင်လေးတွေ အဆင်ပြေပါ့မလား။ ဆိုင်ကအပင်တွေကိုလည်း စိတ်ပူတယ်။

" တင်းတောင် တင်းတောင် "

Order ရောက်ပြီ ထင်တယ်။ မြန်လိုက်တာ။ Internet ရှိတာ အရမ်းအဆင်ပြေတာပဲ။

ပစ္စည်းတွေကို သူ့နေရာနဲ့သူ သေချာနေရာချလိုက်ပြီး ချက်ပြုတ်ရန်အတွက် apron ကို ဝတ်ဆင်လိုက်သည်။ မနက်စာကိုတော့ ပဲပြုတ်နဲ့ ထမင်းကြော်ပေးပြီး ဗလာချောင်ကြော်လေး လုပ်လိုက်မယ်။ နေ့လယ်နဲ့ညနေအတွက်တော့ ဝက်သားနဲ့မုန့်ညှင်းချဥ်ကြော်မယ်
ပိန်းဥဟင်းရည်လေးလုပ်မယ်။ စားခါနီးကျရင် ပဲပုတ်လေး ကင်ပြီး သုတ်လိုက်မယ်။ ရ​န်း ဒီနေ့အတွက် မီနူး ဆွဲလိုက်ပြီး စတင်ချက်ပြုတ်တော့သည်။

အားလုံးချက်ပြုတ်ပြီးတော့ 10 နာရီတောင် ထိုးပြီ။ အတော်လည်း ဗိုက်ကဆာနေပြီမို့ Apron ကိုချွတ်လိုက်ပြီး အိပ်ခန်းဆီ သွားလိုက်သည်။

အိပ်ရာပေါ်မှာ အိပ်မောကျနေတဲ့ ကောင်လေးက မနေ့က အရမ်းပင်ပန်းလာတယ်ထင် ခုထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း ။ အနားသွားလိုက်ပြီး ပုခုံးလေးကို အသာပုတ်ကာ

" ဝန်း "

လေသံဖျော့ဖျော့လေး ဆိုပေမယ့် အအိပ်ဆတ်တဲ့ ကောင်လေးက ချက်ချင်း မျက်လုံးလေး ဖွင့်လာသည်။

" မထချင်သေးဘူးလား "

" အစ်ကို "

အိပ်ရာနိုးစမို့ သိပ်မကြည်လင်တဲ့ အသံနဲ့ လူကို ခေါ်ကာ ကုန်းရုန်းထ ထိုင်ပြီး လူကို ဖက်ကာ ပြန်မှိန်းနေပြန်သည်။

When You Find Lost Love AgainOnde histórias criam vida. Descubra agora