Extra

12.1K 723 12
                                    

ပြွတ်စ်....ပြွတ်စ်.....

"Still In Century One...."

ထိုစာသားလေးအား ခပ်ပြုံးပြုံးလေးဖြင့် တစ်ပြွတ်ပြွတ်နမ်းနေသည့်ကောင်လေးက သူ၏နန်းတော်ကြီးဖြစ်သော ရင်ခွင်ကျယ်ကြီးထက်ဝယ် ငြိမ်ငြိမ်မနေချေ။

"အကို အကို နာလားဟင်......"

သူ၏အမည်နာမလေးအား ရင်ဘတ်အသားစိုင်ပေါ်သို့ ကမ္ဗည်းအက္ခရာတင်ထားလေသော နေရာသို့ အနမ်းများချွေလိုက်၊ မျက်နှာလေးထက်လဲ အပြုံးပန်းများဝေလိုက်နှင့် မြူဆွယ်နေသောကောင်လေးက ခပ်ရိုးရိုးလေးမေးလာသည်။

"အင်း...နာတယ်.... "

မျက်နှာလေးမဲ့ကာ နှုတ်ခမ်းလေးထော်လိုက်လေသောကြောင့် ဒီလူ့ရင်ထဲ ဝုန်းဒိုင်းကြဲကာ သွေးများပွက်ပွက်ဆူလာလေပြီး ထိုကလေးငယ်အား ဝါးစားချင်လာလေပြီ။ နဂိုတည်းက လှပြီးသားလေးသည် ယခုဆိုလျှင် ကုဋေ၊ကုဋာမက 'တိမ်ယံထွဋ်' အသည်းပြာကျလောက်အောင် ပိုမိုကာလှလာလေသည်။

ရင်ဘတ်ပေါ်သို့ ဖားပျံလေးတစ်ကောင်ကပ်သလို ကုတ်ဖက်တက်နေသော ဝမ်းလေး၏ ခါးသိမ်သိမ်လေးအား
ညှစ်လိုက်ပြီး ဗိုက်သားပြင်မှအဖု၊အထစ်များနှင့် ပိုမိုကာ ထိကပ်စေလိုက်တော့ အနမ်းချွေနေသည့် ကောင်လေးက မသိမသာခိုးကြည့်လေသည်။

"မရဘူးနေယ် ခုမှနိူးတာလေ...ညကလဲ အကို့ကိုကျွေးထားတယ်....မရဘူးပဲ....."

မျက်စောင်းလေးထိုးကာ ခိုးပြုံးလိုက်သည့်ကောင်လေး။

"ရာစုနှစ်ပေါင်းများစွာနေပါ ဝမ်း...ဆိုပြီး အကို့နှလုံးတည့်တည့်မှာ ဘာလို့တက်တူးထိုးတာလဲဟင်...."

အရမ်းပျော်နေပါသည်။ မမကြီးအား ခုတ်ထစ်သတ်ပစ်လိုက်ကြပြီးနောက် အကိုနှင့်ဝမ်း တို၏ ဘဝခရီးလမ်းလေးသည် အရမ်းသာယာနေပါသည်။

'အကိုကလေ အခုဆိုရင် ဝမ်း ကို အာဘွားတွေအမြဲပေးတယ်။ တစ်ခါတလေ အကို့အကြည့်တွေကြောင့် ရှက်လွန်းလို့ အကို့ရင်ခွင်ထဲပစ်ဝင်လိုက်ရတာမျိုးလဲရှိသေးတယ်။ အကို က လေ နှင်းဆီပန်း ၁၁ပွင့်ပါတဲ့ အလှပန်းစီးလေးဝယ်လာပေးပြီး ဝမ်းရဲ့ရင်ခွင်ထဲ လာဝင်အိပ်နေတာ အဲ့ဒီ့နေကစပြီး ဝမ်းမှာ သားနဲ့သမီးအပြင် သားကြီးတစ်ယောက်ကောက်ရလိုက်သလိုပါပဲ။
မထွက်တဲ့ နို့ကို လာစို့နေတာနဲ့ နောက်ဆုံး ဝမ်းမှာ ခြေကုန်လက်ပန်းကြခဲ့ရသေးတယ်။'

အကို (Completed)Where stories live. Discover now