Part - 43 (Uni & Zawgyi)

14.3K 1.2K 28
                                    

လုံစံအိမ်တော်ကြီးထဲတွင် ဘုန်းတော်ကြီးများ၏ တရားသံများသည် အိမ်တော်ကြီးအတွင် ဘုရားဝတ်ပြုခန်းအတွင်းမှ
အိမ်ကြီးအနှံ့ ပျံ့လွင့်လျက်ပင်။ တရုတ်ပြည်မှ ပင့်လာသည့်
ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် ဗုဒ္ဓရုပ်ပွား​ေတာ်အား အနေကဇာတင်သည်။ တစ်မိသားစုလုံးနှင့်ကိုယ်ရံတော်များ၊အိမ်စေများအပြင် ဧည့်သည်ဟူ၍ ဒေါက်တာချစ်ရန်မောင်နှင့်သူ၏အမျိုးသားတို့သာ ရှိကြသည်။အထက်အရပ်၊အောက်အရပ်၊ စကြာဝဋ္ဌာအတွင်းရှိသမျှ သတ္တဝါတို့အား
သာဓုခေါ်နိုင်ရန် အမျှပေးဝေသည်။
ရေစက်ခွက်ကိုင်ကြရအောင် ဟူသော ဆရာတော်ဘုရား၏
စကားသံကြားသည်မို့ ငွေဖြင့်သွန်းလုပ်ထားသည့် ရေခရားအငယ်လေးအား ဘက်မှတစ်ဆင့်ပင့်မြှောက်ကာ လေပေါ်တွင်ရပ်တန့်လိုက်ရင်း ဆရာတော်တိုင်ကြားပေးသည့် တရားတော်များကို နှုတ်မှလိုက်ရွတ်ရင်း ခရားလေးအတွင်းမှ အေးမြသည့်ရေတို့အား ဖြေးဖြေးချင်းနှင့်နည်းနည်းချင်းပင် ​​ငွေဖလားလေးအတွင်းသို့ လောင်းကာသွန်းချချိန်
စိတ်အစဥ်သည်လွန်စွာအေးချမ်းလာသည်။ ဘုရားရိပ်တရားရိပ်နှင့် လုရားစာ၊ တရားစာများ နာကြားလိုက်ရ၍နေမည်။ပူလောင်ခြင်းတို့ ကင်းဝေးကာ အေးချမ်းလာသည်။

တရားနာ၍ပြီးချိန် ဆရာတော်ကြီးများအား နေ့ဆွမ်းကပ်လှူလိုက်သည်မို့ ဆွမ်းဘုန်းပေးနေကြစဥ် အန်ကယ်လုံအားရှာရသည်။ သမီးလေးကိုပါ ရင်ခွင်ထဲထည့်ကာချီပြီး ခြံထဲသို့ဆင်းရန် ကိုယ်ရံတော်တချို့ကိုပါခေါ်စဥ် ခွန်ဖောနှင့်ဦးလေးလိုက်လာသည်။ ကိုယ့်အိမ် ကိုယ့်ခြံဆိုသည့်တိုင် 'ရန်သူဆိုတာ ဂျိုမပါဘူး' သတိကြီးစွာထားဟု ခွန်ဖောပြောသည်ကြောင့် ဝမ်းတို့ တစ်မိသားစုလုံး သတိထားနေရတော့သည်။
မမကြီးအား မနေ့ကပင် ရဲတွေဖမ်းဆီးကာ ထိန်းချုပ်ထားသည့်သတင်းသည်က ဤနေ့တွင်ဟိုးလေးတကြော်ကြော် နာမည်ကြီးလာသည်မို့ရော၊ သူမသည်က တိုင်းသိပြည်သိ ပြည်သူများချစ်သော အမတ်လောင်းတစ်ဦးဖြစ်နေသည်မို့ပါ အမှုမှန်ပေါ်ရန် ဆန္ဒပြမည့်လိုသူ ၊ မလိုသူများ ရှိနေပြီး
မမကြီးဘက်တော်သားများ အုံကြွကာသောင်းကျန်းပြီး
ရဲဋ္ဌာနကိုပင် သက်သေမပြနိုင်လျှင် အမှုကိုင်များကို တရားစွဲမည်ဆိုသည့်ငတင်းတို့ကလည်း တီဗွီဖန်သားပြင်ပေါ်တွင် မမြင်ချင်မှအဆုံးပင်။ Channelပေါင်းစုံသည်က ထိုသတင်းသာလွှင့်နေကြသော်လည်း ဝမ်း၏သားနှင့်ယောကျာ်းလောက် အရေးမကြီးသည်မို့ ဂရုတစိုက်ကြည့်နေတော့ပါ။

အကို (Completed)Where stories live. Discover now