Part -5 (Uni & Zawgyi)

29.1K 2.4K 642
                                    

Warning.....

ဝမ်း ၏ အိမ်တွင်ရောက်နေသည်က ၅ရက်ကျော်နေပြီ။
ကျွန်တော်နှင့်ထိုကောင်လေးလည်း တော်တော်လေးရင်းနှီးလာလေပြီ။ ငါးတူတူဖမ်းကြသည်။
ကျွန်တော်ရေချိုးရန် ဝမ်း က အမြဲတမ်း ရေခပ်ပေးသည်။
ဈေးသွားရောင်းလျှင်လည်း ကျွန်တော်ကူရောင်းပေးဖြစ်သည်။ယခုလည်း ငါးရံ့များနေလှန်းနေသည်ကို ကူပေးနေမိသည်။ သူကျွန်တော့်အားပြုံးပြနေလေသည်။

"အကို..."

"ပြောလေ ဝမ်း..."

"ပြီးရင် ကျုပ် အဲ....ကျွန်တော်နဲ့ ဟိုဘက်နားကသောင်ပြင်လေးသွားရအောင် "

ခေါင်းငြိမ့်ကာပြုံးပြနေသည့် အကိုသည် သိပ်ကိုချောလွန်းသည်။ ရင်အုပ်ကျယ်ကျယ်အရပ်ရှည်ရှည်နှင့် အသားသည်ကဖြူနေခြင်းမဟုတ် ခပ်ညိုညိုပင် နှာတံသည်ကလည်း
ဖြောင့်ကာစင်းပြီး နှုတ်ခမ်းများသည်က ခပ်ပါးပါးနှင့်
ကြည့်ကောင်းလွန်းသည်။ နာမည်မေးသည်ကို
ပြောပြကာ ခင်ဗျားနှင့်ကျုပ်ဟုမပြောခိုင်းပါပဲ
'အကိုနှင့်ကျွန်တော်' ဟုသာ ပြောခိုင်းသည်။

လှေလေးအား ဝါးတိုင်တွင်ချီကာ သောင်ပြင်ပေါ်သို့တက်ခဲ့သည်။ ထိုနေရာလေးက အင်းလေးကန်ကြီးတွင်ရှိသော်လည်း လူအရောက်အပေါက်နည်းသည်။
အကို ပြောစရာရှိသည်ဆိုခြင်းကြောင့် ငါးလှန်းနေရင်း
ဒီနေရာလေးအား သတိရကာ ဤကျွန်းလေးသို့လာခဲ့လိုက်သည်။

"ရောက်ပြီ....ဟိုမှာ ထိုင်ကြမယ်...
အဲ့ခုံလေးက ဝမ်း ကိုယ်တိုင်ရိုက်ထားတာ...."

"ဒီနေရာကို လာနေကြလား..."

"ဟုတ်တယ် အကို... ဝမ်း တခါတလေ ငါးဖမ်းရင်း ပိုက်ချပြီးရင် ဒီနေရာလေးမှာထိုင်နေကြ....
အကိုပြောစရာရှိတာ ပြောလေ.........."

ခေါင်းလေးငဲ့စောင်းကာ အကိုရှိရာငေးပြီး ကြည့်နေလိုက်ပါသည်။

'ကျွန်တော့်ရဲ့ ပထမဆုံးသော သူငယ်ချင်းက အကို လို့ပြောလျှင် ယုံကြည်မလား....?'

"ဝမ်း..... ကိုယ်ပြောရင် မင်းစိတ်ဆိုးမလား....."

ခေါင်းခါပြပြီးနောက် ပကတိရိုးရှင်းစွာ၊
လှပစွာပြုံးပြလေသည်။

အကို (Completed)Where stories live. Discover now