Extra - 2

13.3K 947 29
                                    

"ကိုကိုး ထတော့....ကျွန်တော်အလုပ်သွားတော့မယ်....."

မျက်လုံးများရယ်မဖွင့်ပါပဲ ခေါင်းငြိမ့်ကာရယ် စောင်ကိုပြန်လည်ခြုံပြီး အိပ်နေသေးသည့် ပူပူနွေးနွေးကျွန်တော့်ခင်ပွန်းခွန်နောင်ပဲဖြစ်လေသည်။ သူများအိမ်ထောင်သည်တွေမည်သို့မည်ပုံရှိကြသည်တော့မသိပါ။ ကျွန်တော်တို့ရဲ့
Life styleကတော့ ဒီအတိုင်းပင်။ကိုယ့်အလုပ်ရှိလျှင် ကိုယ့်ဘာသာပြင်ဆင်ပြီးသွားကြသည်။ ရေနွေးစပ်ပေး သွားတိုက်ဆေးထည့်ပေး၊ရေသုတ်ပေး၊အကျီလဲကူပေး ဆိုသည်ကတော့တစ်ခုမှမရှိနေပေ။ တစ်ခုတည်းမှ တစ်ခုတည်းကတော့ ကျွန်တော့်ခင်ပွန်းသည်က အလုပ်သွားတိုင်းအကျီထုတ်ပေးနေကြ အကျင့်လေးတော့ရှိသည်။ ဘယ်လောက်ပင်အိပ်ချင်နေနေ ထိုအကျင့်လေးတော့မဖျောက်တတ်သလို ကျွန်တော်ကလည်းဘယ်လောက်ပင်နောက်ကျနေပါစေ ကိုယ့်အကျင့်လေးတော့မဖျောက်ပစ်ပါ။
နဖူးထက်သို့ခပ်ဖွဖွနမ်းကာ ပါးပြင်ထက်ကိုနောက်တစ်ချက်
နမ်းရှိုက်လိုက်ပါသည်။

"ဝမ်းကို ဂရုစိုက်နော်....
ကိုယ့်ကိုကိုယ်လဲ ဂရုစိုက်ပါ ငါ့အရှင်သခင်လေးရေ......"

စောင်ထဲကနေ မျက်ဝန်းတို့ကိုမနည်းဖွင့်ထားပြီး ပြုံးရယ်ကာပင် တူတော်မောင်ဝမ်းကို ဂရုစိုက်ဖို့အရင်မှာသည်။
ဒါကလည်းနေ့ဒလူပြောနေကြစကားပေမို့ တူလေးအပေါ်
ကိုကိုးထားသည့်အချစ်ကို သဝန်တိုကာနှိုင်းယှဥ်မနေပါ။
သူရော ကျွန်တော်ရောမှာ ချစ်စရာသွေးသား မျိုးဆက်လေးဆိုလို့ ဒီတူလေးတစ်ယောက်သာရှိသည်မို့ရော ကိုကိုးလက်ပေါ်တွင်ကြီးပြင်းခဲ့သော တူလေးမို့ ကျွန်တော့်ထက်ပိုချစ်လျှင်တောင် နားလည်ပါသည်။ သို့သော်လည်း ချစ်ပုံချစ်နည်းတော့တူမည်မဟုတ်ပေ။ ၅၂၈ဆိုသည့်မေတ္တာနှင့် ၁၅၀၀အားပြိုင်လျှင် အဘယ်သူကရှုံးနိုင်သည်ကိုသိနေသည်မို့ ယှဥ်ပြိုင်ခြင်းသာအဓိကဆိုသည့်စကားအဆိုကို ဤအားပြိုင်ပွဲတစ်ရပ်တွင် ကျွန်တော်ပယ်ချပါသည်။

"ကိုကိုး ဆေးသောက်ဦးနော်
ကိုယ်တွေလက်တွေကိုက်ပြီး ဖျားနေမယ်...."

"မင်းကြောင့်လေ....."

ပစ်ပေါက်လိုက်သည့်ခေါင်းအုံးအသေးလေးကို
အမိအရဖမ်းပြီး ပြီတည်တည် စပ်ဖြီးဖြီးနဲ့မျက်နှာရယ်က မချိုမချဥ်၊ ဂရုဏာသံနှောနေသည့် လုံသခင်လေးကိုသေချာကြည့်လိုက်မိသည်။မှန်ရှေ့တွင်ရပ်ကာ Coatအကျီကိုအကျအနပြင်နေသည်မို့ ကျောပြင်လေးကိုသာ တွေတွေငေးနေမိပါသည်။ကျောပြင်လေးကပဲ ခန့်ညားကာပြည့်စုံနေသေးသည်။

အကို (Completed)Where stories live. Discover now