Part - 7 (Uni &Zawgyi)

23K 2.2K 108
                                    


ရုံးရောက်သည်နှင့် တိမ်ယံ တစ်ယောက် သူ၏အတွင်းရေးမှူးအားခေါ်ကာ မနက်စာပြင်ခိုင်းလိုက်ရသည်။
လက်မှတ်ထိုးနေစဉ်မှာပဲ မမကြီးပြောသော စကားများအားပြန်ကာသုံးသပ်ကြည့်သည်။
ဝမ်း၏ ခြေထောက်တွင်လည်း တကယ့်ကိုရေနွေးပူလောင်ထားသည်။
ချစ်ရသူ သရာ လည်း တကယ့်ကိုခြေမသွေးကြောထိကာ သွေးများအလျှံအပယ် ကြမ်းပြင်ပေါ်အိုင်ထွန်းနေသည်ကို
တွေ့ခဲ့ရသည်။ သူမကလည်း မိမိအပေါ်
တခါမှ မလိမ်ညာခဲ့ဖူးပေ။
ဝမ်း သည်လည်း ရိုးသားလွန်းပါသည်။
ဝမ်း၏ ရိုးသားခြင်းများကိုလည်း ကိုယ်တိုင်သိသည်ကြောင့် ပြုမူခဲ့သောလုပ်ရပ်များက
လွန်သွားလေပြီလား မသိတော့ချေ။ ထိုစဉ်မှာပဲ အတွင်းရေးမှုးကိုဗညား ရောက်လာသည်ကြောင့် မေးစမ်းရဦးမည်။

"ကိုဗညား..."

"ဟုတ်ကဲ့ သူဋ္ဌေးလေး..."

"ကိုဗညားက မီးဖိုဘက်ကအခန်းမှာနေတာဆိုတော့
မနက်ကဖြစ်ပျက်တာတွေ မြင်လိုက်မိလား...."

အိမ်ကြီးထဲတွင် မမလေးကေသရာ ရောက်လာပြီးတည်းကပင် မိသားစုစည်းလုံးမှုတို့ ပျောက်ကွယ်လုဆဲဆဲပင်။
ယခုလည်း မနေ့ညကမှရောက်လာသည့် ဝမ်း ဆိုသည့်ကောင်လေး သူဋ္ဌေးလေး၏အမျိုးသားလေး။
သူသည်ကရော တကယ်ရိုးသားသူလား။
မည်သို့ရှိနေမည်ကိုတော့မသိပေ။သို့သော် မမလေးကေသရာလိုတော့ ရိုင်းပြစွာဆက်ဆံပြောဆို မောက်မာမနေပါ။မနက်ကအိပ်ယာနိုးစဉ် ကြားနေရသည့် ချက်ပြုတ်သံများနှင့် စကားသံများအရ အကိုလေးဝမ်း ၏ စိတ်ထားလေးအား ခန့်မှန်းနိုင်သော်လည်း ဗညား ဝင်မပါချင်ပေ။

"ဟုတ်ကဲ့  သူဋ္ဌေးလေး.. ကျွန်တော်ရေချိုးနေတုန်းဖြစ်သွားတာပါ....
မသိလိုက်ပါဘူး "

ခုံပေါ်သို့လက်နှစ်ဖက်တင်ကာ နဖူးထက်သို့လက်မနှစ်ခုပူးကပ်လျက် သက်ပြင်းချကာ မျက်လုံးများမှိတ်သွားသည့်
သူဋ္ဌေးလေးအားကြည့်ကာ ဗညားစိတ်ထဲမကောင်းပေ။
သူဋ္ဌေးလေးနှင့်မမလေးကေသရာ ၏ အကြောင်းစုံအားသိထားသည့် သူတစ်ဦးဖြစ်သည်ကြောင့်  မမလေးအပေါ်သူဋ္ဌေးလေး မည်မျှလောက်  ချစ်သည်၊မြတ်နိုးသည်ကိုလည်း သိထားသည်။  သူဋ္ဌေးလေးအား လှည့်စားနေသည့်
သူမအား မြင်နေရသော်လည်း ကိုယ်ကဘေးမှလူဖြစ်နေသည်ကြောင့် ဘာမှမပြောလိုတော့ပေ။

အကို (Completed)Where stories live. Discover now