Part - 41 (Uni & Zawgyi)

14.8K 1.3K 78
                                    

အိမ်၏ ဧည့်ခန်းတွင်ထိုင်နေရင်းမှ ခြံစောင့်ကြီးလာပြောသည်က အမျိုးသမီးတစ်ဦးက ခြံရှေ့တွင် မမကြီးအားတွေ့ချင်သည်ဟုပြောပြီး အရေးကြီးသည်ဟုဆိုလေသည်ကြောင့် ဝင်ခွင့်ပေးခိုင်းလိုက်သည်။ အိမ်ထဲဝင်လာသည့်
အမျိုးသမီးအား Tablet ထဲတွင် တက်လာသည့် သတင်းတချို့ကြည့်နေရာမှ မျက်ဝန်းအား မသိမသာလှန်ကာ ကြည့်လိုက်သည်။

လွယ်ထားသည့်အိတ်က သရေခတ္တရာခေတ်လောက်တည်းက အိုဟောင်းနေပြီး ဝတ်စားထားသည့်အဝတ်အစားကလည်း နွမ်းနယ်နေသေးသည်။ အပေါစားမိတ်ကပ်လိမ်းထားသည်မှာ သိသာလှသည်။ ဘဲမတန်းမကြီး အလှပြင်ထားသလို မျောက်ဖင်နီလို မျက်နှာဖြင့် ကျွန်မအား မသိမသာလေး လှန်းကြည့်ကာ ခေါင်းသည်က ယမာမင်းနှင့်မိတ်ဆွေဖွဲ့နေသည့်အလား ငုံ့လျိုးနေလေတော့သည်။

"ထိုင်ပါ....."

တည်တင်းသောမျက်နှာထားတွင် အပြုံးအတုတို့အနည်းငယ်သကာရည်လောင်းလျက် စကားဆိုလာသော အမျိုးသမီးငယ်လေးသည်က ကိုယ်တိုင်မွေးဖွားခဲ့သည့် သမီးလေးတဲ့လား။ လှပပြေပြစ်သော မျက်နှာလေးသည်က
ကျက်သရေရှိလွန်းသည်။ သူမလေးအား ပြောချင်တာများကိုပြောရပေဦးမည်။နောက်ဆုံးလက်ကျန်ဘဝတွင်တော့
သမီးလေးနှင့်အတူ ခေတ္တလေးပဲလူ့လောကတွင်နေချင်သေးသည်။

"ဘာရှင့်......."

မျက်စိရှေ့မှဖရိုဖရဲနိုင်လှသည့် အဝတ်အစားများနှင့် ချွတ်ချုံကျ စုတ်ပြတ်သပ်နေသည့် ထိုအမျိုးသမီးက ကျွန်မ၏မိခင်ပါဟု လာပြောခြင်းကို ယုံရလောက်အောင်
တင်တင်ထဋ်ဆိုသည်က တုံးအနေသည့် အညတရ မိန်းမမျိုးမဟုတ်ပေ။ ရူးနှမ်းနေသည်လား။ ကျွန်မလိုအဆင့်အတန်းမြင့် ဂုဏ်သရေရှိသူတစ်ဦးအား ထိုသို့လာပြောကာ
မဟုတ်ကဟုတ်ကဖြင့် မီဒီယာများအပေါ်သို့ သတင်းလွှင့်ပြီး နာမည်ဖျက်ချင်သည့် တစ်ဖက်မဲဆွယ်အသင်းများမှ လူယုံများလားဟုတွေးကာ မေးရမည်။

"ကဲ ဒီကအဒေါ်..... ဘယ်လောက်လိုချင်လဲ... အဒေါ့်ကိုလွှတ်လိုက်တဲ့ သူပေးတာထက် ပိုပေးမယ်........"

သမီးလေးပြောသည့် ထိုစကားများအား နားမလည်ပေ။
ကျွန်မလာခဲ့ခြင်းမှာ ငွေလိုချင်၍မှမဟုတ်လေပဲ။ သမီးလေးနှင့်အတူနေချင်၍ ထောင်မှလွတ်သည်နှင့် အပြေးလာခဲ့ရသည်။ သမီးလေး၏ သတင်းများအား ထောင်ထဲတွင် တန်းစီးများနှင့် ထောင်မှူးများပြောသည်ကို ကြားရခြင်းကြောင့်
သမီးလေးအား လွန်စွာတွေ့ချင်၍ လာတွေ့ခြင်းပေ။
ငွေမမက်ပါ။ ဘဝတွင် ဆယ်နှစ်ကျော်ကျော်ထောင်ထဲတွင်နေခဲ့ရသည်မို့ ရောဂါသည်ကလဲ အသည်းကင်ဆာဖြစ်နေခြင်းကြောင့် နောက်ဆုံးအခြေအနေထိရောက်နေပြီမို့ သမီးအနားနေချင်ယုံသာ။

အကို (Completed)Where stories live. Discover now