Part - 42 (Uni & Zawgyi)

15K 1.3K 89
                                    

တိမ်ယံ အိပ်နေသည့် ကုတင်ဘေးတွင် လက်ကလေးအားဆုပ်ကိုင်ကာ ငေးငိုင်နေသည့် ဝမ်း အားကြည့်လျက် လုံဒုသခင်လေးလည်း စိတ်ထဲတော့မကောင်းပေ။

စိုးထွဋ် ၏ ဝိညာဥ် တိမ်ယံ့အန်ကယ်လ်လေးကိုယ်ထဲမှ ထွက်သွားပြီးစဥ်တည်းက တစ်အိမ်သားလုံး အလုပ်များနေကြခြင်းပေ။ အကြောင်းသည်က မနက်ဖြန်တွင် ပြုလုပ်မည့်
တစ်အိမ်လုံးအား ပရိတ်ပဋ္ဌာန်းများစီးဖြန်းကာ တရားနာ၍သီလခံယူပြီး ဆရာတော်ကြီးများအား နေ့ဆွမ်းနှင့် ထီး၊ ဖိနပ်၊ ယပ် သဃ်န်း  စသည့် ပရိက္ခရာ(၈)ပါး လှုဖွယ်များ ကပ်လှူကာ ကွယ်လွန်သူစိုးထွဋ်အား ရည်စူးလျက် ရေစက်ချ၍တရားနာရန်နှင့် အိမ်တွင်ပြုလုပ်ထားသည့် အောက်လမ်းပညာကြောင့်ရောက်လာကာ ကလေးနှစ်ယောက်အား ဖမ်းချုပ်ထားသည့် သရဲများကိုနှင်ရန်ဖြစ်လေသည်။

မကျွတ်မလွတ်သေးသော စိုးထွဋ်၏ ဝိညာဥ်ကိုလည်း တရားပေးကာ ကျွတ်တန်းဝင်ရန် အမျှဝေခြင်းအမှုပြုလုပ်ဖို့ရာအတွက်  လိုအပ်သည်များကို တိမ်ယံ့အမေနှင့်အတူ ဝမ်း၏ဦးလေးနှင့်အမေတို့ အတူတကွသွားဝယ်ကြသည်။

အန်ကယ်လ်လေးနှင့်စိုးထွဋ်အမေကတော့ ဆရာတော်များအား ပင့်ဖိတ်ရန်လျှောက်ထားမည်ဟုဆိုကာ ထွက်သွားကြပြီး ကျွန်တော်ကတော့ အိမ်တွင် မနက်ဖြန်အတွက် အိမ်စေများနှင့် ကိုယ်ရံတော်များကိုမှာကြားရန်နှင့်
ဝမ်းတို့ မိသားစုကိုပါ ကြည့်ရှူ့စောင့်ရှောက်ရန် ကျန်ခဲ့ရသည်။

အကိုကြီးဖြစ်သူ လုံသခင်ကြီးကလည်း ညနေ Flightနှင့်တရုတ်ပြည်မှ လာမည်ဆိုကာ လာကြိုရန်မလိုကြောင်း ဖုန်းရသည်မို့ သက်ပြင်းချကာနေရတော့သည်။ မနက်ဖြန်တွင် ဆရာတော်များအတွက် ဆွမ်းကပ်လှူရန် အချက်အပြုတ်များ အော်ဒါမှာယူပြီး ကိုယ်ရံတော်ထဲမှ နှစ်ယောက်ကို သစ်သီးဝလံများဝယ်ရန်လွှတ်ရပြီး စီမံနေရသည်။ငွေရှိလျှင် အရာရာပြည့်စုံသည်မို့ မနက်ဖြန်အတွက် ချက်ချင်းဆိုသော်ငြား နှောင့်နှေး၍မရပေ။

စိုးထွဋ်ပြောခဲ့သည်ကလည်း သူကိုယ်တိုင်ချုပ်နှောင်ခံထားရသည်မို့ ခေတ္တလွတ်မြောက်စဥ် သူ၏သမီးငယ်အား
ကယ်နိုင်သည့်နည်းကိုပြောခဲ့သည်။ ဆရာသေသွားသည်မို့ စိုးထွဋ်တို့အနည်းငယ် အချုပ်ခံရမှုမပြင်းထန်တော့ဟုဆိုသော်လည်း အဓိကချုပ်ထားသည့်လူရှိသေးသည်။
ခေတ္တလွတ်ချိန် အန်ကယ်လ်လေးဆီဝင််ကာ အကူအညီပေးခြင်းပင်။

အကို (Completed)Where stories live. Discover now