Part -2 (Uni & Zawgyi)

36.2K 3.1K 80
                                    

အင်းလေးအိမ်တွင်နေထိုင်သည်က ၃ပတ်မြောက်နေ့တွင်
အန်နေသည်။အစားမစားနိုင်တော့ချေ။
အိပ်ယာထဲပါလဲသွားရလေပြီ။

"ဟေ့ ဖဝမ်း....ထစမ်း ကလေးပီပီ ဈေးပြေးပေးဦး
အဘွားလိုတာတွေမှာလိုက်မယ်...."

မလှုပ်ချင်ပဲ အိပ်သာအိပ်ချင်နေတော့သည်ကြောင့်
ကြားနေရသော်လည်း စကားပြန်မပြောမိ။မျက်လုံးများက ဆွဲပိတ်ခံထားရသလိုပင် လေးလွန်းနေသည်။
လက်အားလာဆွဲကာ အော်နေသည့် အဘွားနမ်....

"ဟဲ့ ဖဝမ်း...သွေးခုန်နှုန်းက မှန်းစမ်း.... "

သွေးကြောသို့ကိုင်နေသည်။ ပြီးနောက် မျက်လုံးအတင်းဖွင့်ခိုင်းသည်။ မပွင့်နိုင်သည့်မျက်ဝန်းအား အနည်းငယ်ဖွင့်ချိန်တွင် အောက်မျက်ခမ်းအား ဆွဲကာ ကြည့်သည်။
ဝမ်းဗိုက်အထက်မှအကျီအား ဆွဲလှန်ကာ ဗိုက်သားများအား ဖိကာ နှိပ်ကြည့်နေပြန်သည်။ ရင်ဘတ်မှပွင့်ချက်များအားလည်း ကြည့်နေသည်။ လုပ်ချင်တာလုပ် နားအေးသည်ဟု တွေးကာ ငြိမ်နေလိုက်သည်။

အဖွားငြိမ်သက်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ကာ ဖြတ်သွားဖြတ်လာလှေများ၏ အသံများသာ ကြားနေရတော့သည်။ ဘယ်လောက်ကြာကြာ အိပ်လိုက်မိသည်မသိ။ နိုးလာချိန်တွင် ငိုသံကြားနေရ​ခြင်းကြောင့်
မျက်လုံးများဖွင့်ကာ ကြည့်မိသည်။ အဖွားငိုနေလေသည်။
ဦးလေး ဖဲရိုက်ပြန်ပြီထင်သည်။

"နူ..... နူ....ဖဲတွေရိုက်ပြန်ပီလား...
အဘွားနမ် ငိုနေရပြန်ပြီ....."

ထိုသို့ပြောမှ ဦးလေးပါ ထငိုပြန်တော့သည်။

"ကလေး ဖဝမ်းလေး........."

"ဘာဖြစ်တုန်း ကျုပ်နာမည်ခေါ်နေကြတာ...."

"ကိုယ်ဝန်ရှိနေပြီဆိုတော့ ဘယ်လိုမွေးမလဲ
မင်းကယောကျာ်းလေးလေ...ဖဝမ်းရ...."

မျက်ရည်များကို အကျီလက်အနားစနှင့်သုတ်ကာ ငိုနေသည့်ဦးလေးက စကားဆက်၍မပြောတော့ပေ။

"နူ....ကျုပ်အခုမှစဉ်းစားမိတယ်ရာ...."

ဟုတ်ပေသည်။ကျွန်တော်ဘယ်လိုမွေးရမည်လဲမသိပေ။
အိမ်ရောက်စဥ်က ကိုယ်ဝန်ဆိုတာ ဘာရောဂါလဲ အဖွားကိုမေးကြည့်လိုက်သည်။ ဗိုက်ထဲကလေးလေးရောက်နေတာဟု ပြောပြသည်မို့ ဝမ်းဗိုက်ထဲက အကောင်လေးကိုဘယ်လိုထုတ်ရမည်လဲ။

အကို (Completed)Место, где живут истории. Откройте их для себя