Part - 44 (Uni & Zawgyi)

15K 1.3K 65
                                    

"အား....."

ရုံးရှေ့သို့ထွက်ပြီး ရဲကားများဆီသို့လျှောက်ချိန်တွင် ကြိုတင်ကြံစီထားသည့် ဟေသာ့ တပည့်များဖြစ်သည့် ကျောက်မှောင်ခိုဘက်မှ လက်ဖြောင့် ဓားသမားတစ်ဦးသည်
နဖူးတည့်တည့်ကိုချိန်ကာ ခဲဖြင့်စတင်ပစ်ပါတော့သည်။

သိပ်ကိုတော်လွန်းကြသည်ဆိုသည့် မှုခင်းဋ္ဌာနဘက်မှ ရဲများနှင့် ကျွန်မဘေးတွင် တပည့်အဖြစ်လာရောက်နေဖူးသော
ရဲသူလျိုနှစ်ဦးသည် ပျာယာခတ်သွားကြသည်။ လူအုပ်ကြီးထဲတွင်လည်း ကြိုတင်ကြံစည်ကာခေါ်ထားသည့် ကျောက်မှောင်ခိုဘက်မှ တပည့်အမျိုးသမီး အချို့နှင့်အမျိုးသားတစ်ချို့ ၏ အသံများထွက်လာတော့သည်။

"ရဲလက်ထဲတောင်မလုံခြုံဘူးနော်....... ဒါတော့မဖြစ်သင့်ဘူးမဟုတ်လား...... ဘယ်လိုဖြစ်ဖြစ် ဥပဒေကပေးတဲ့အ​​ပြစ်ကိုခံရမှာကို အဲ့လိုလုပ်ကြတယ်တော်..........."

"ဘယ်လိုဖြစ်ဖြစ်လေ သူမကတစ်ချိန်ကလည်း ပြည်သူတွေအပေါ်ကိုကောင်းခဲ့ဖူးတဲ့ အမတ်တစ်ယောက်ဖြစ်ဖူးတယ်မဟုတ်လား.............."

ထိုအသံများအကြား လိုသူ​ရော၊မလိုသူရောနှင့် ရှုတ်ရှပ်ခတ်ကာ မီဒီယာများအတွက်လည်း သတင်းတစ်ခုဖြစ်ကြတော့မည်မှာသေချာသည်။ ရှေ့နေကြီး၏ အစီအစဥ်အရ ထိုသို့ဂယက်ရိုက်နေချိန်တွင် ရုံးချိန်းနားမည်။ လူယုံဆရာဝန်ကိုလည်း ငွေထိုးပေးထားသည်မို့ ထိုသို့ခေါင်းအား ခဲလုံးကြီးကြီးဖြင့်ပေါက်ခံရသည်ကို ရူးသွားလောက်သည်အထိကို ဆေးစစ်မှုထွက်စေမည်။ ပြီးလျှင် တရားခံရူးသွားသည်မို့
အမှုပြီးပြီဟု စာတန်းချိတ်နိုင်ပြီမဟုတ်လား။

ရူးချင်ယောင်ဆောင်ပြီး အရူးထောင်တွင် ၂လလောက်နေလိုက်ပြီးလျှင် အိမ်ပြန်နိုင်ပြီ။
ကျန်တာရှေ့နေကြီး စီစဥ်ပေးပေလိမ့်မည်။

အရူးထောင်ထဲနေချိန် တိမ်ယံသေပြီဆိုတဲ့ သတင်းကိုနားစွင့်ရင်း အရူးများလိုပင် တဟားဟားဖြင့် ရယ်ပစ်ဦးမည်။
ယခုတော့ နဖူးလေးကို ကိုင်လျက် မျက်နှာငယ်ဖြင့် ထိခိုက်သွားသည့် ဒဏ်ရာမှ စီးကျနေသည့်သွေးများကို လက်ဖြင့်အုပ်ကာ ထားလိုက်သည်။

အကို (Completed)Where stories live. Discover now