Part - 39 (Uni & Zaw)

15.7K 1.4K 63
                                    

တင်တင်ထွဋ်တစ်ယောက် အိမ်သို့ပြန်ပြီးနောက် ဆရာပြောသလိုပင် တိမ်ယံ့အခန်းထဲဝင်ကာ တိမ်ယံ့အိပ်ခဲ့သည့် ခေါင်းအုံးအောက်သို့အရုပ်ကိုထည့်သည်။ အိမ်၏အဝင်အဝနေရာတွင်လည်း ဆရာပြောသည့်အတိုင်းလုပ်ထားလေသည်။

"ညတွင်းချင်း ထူးခြားမယ်ဆိုရင်တော့ ခြားပေါ့...
မဟုတ်လို့ကတော့
အဲ့ဆရာလဲ ငရဲအိုးဂျိုးကပ်နေအောင်ကို လုပ်ပစ်မယ်...."

..........

လုံအိမ်တော်ကြီးထဲတွင်လည်း ထူးခြားမှုတစ်ခုဖြစ်ခဲ့လေသည်။

ရင်ခွင်ထဲသို့တင်းကြပ်စွာဖက်တွယ်ထားမိသည့် ဝမ်းလေးသည် ငြိမ်သက်စွာပင် ကျွန်တော့်အားပြန်လည်ကာ တင်း​ကျပ်စွာ ဖက်တွယ်ပြီးနောက် ငိုနေသည်ထင် ရင်ဘတ်တနေရာမှ စိုစွတ်မှုတို့ရလေတော့သည်။

"ဝမ်း....."

ရင်ခွင်ထဲမှထုတ်ကာ ငိုနေသည့် ကလေးအားချော့မြူလိုသည်ကြောင့် အနည်းငယ်လှုပ်ကာ ဖယ်ခွာမိသော်လည်း
ထိုကလေးငယ်က အတင်းအကြပ်ဖက်တွယ်ပြီး ခိုလှုံနေသည့် ထိုရပ်ဝန်းလေးမှ မထွက်တော့ချေ။

"ခဏလေး...ခဏလေးပါပဲ အကိုရယ်...ခဏလေးပါ...."

ရင်ခွင်ထဲမှ ကိုယ်သေးသေးလေးအား ပြန်လည်ဖက်တွယ်လိုက်ပြီးနောက် ဆံနွယ်လေးများကို ခပ်ဖွဖွနမ်းရှိုက်လိုက်သည်။ယခင်ကလိုပင် ချိုမြိန်နေဆဲ။ လတ်ဆတ်နေမြဲပေ။

"အကို........."

ခေါင်းလေးမော့ကာ မျက်ရည်အဝိုင်းသားမျက်ဝန်းများဖြင့်ကြည့်လာသည့်ကောင်လေးအား ပြုံးပြလိုက်သည်။
ခန္ဓာကိုယ်လေးသည်က ရင်ခွင်ထဲမှနေ၍ ခပ်ဖွဖွလေးကြွလာကာ မျက်ဝန်းများအား စူးစိုက်စွာကြည့်ရင်း အကြည့်ချင်းစစ်ခင်းမိကြသည်။ မျက်တောင်မခတ်တမ်း အချစ်ရည်ရွှန်းသော မျက်ဝန်းများဖြင့် အပြန်အလှန်ကြည့်ကြပြီး နှစ်ယောက်သားအပြုံးကိုယ်စီဖြင့် ဝမ်း ၏ မျက်နှာသေးသေးလေးသည် ကျွန့်​​ေတာ့်မျက်နှာနှင့်နီးကပ်လာချိန် မေးဖျားသို့ရိုက်ခတ်လာသည့် အသက်ရှူခြင်းကြောင့် ဖြစ်ပေါ်လာသော လေငွေ့ငွေ့လေးသည်က မျက်ဝန်းများကို
မှိတ်သွားစေရန် စေစားသည့်အလား။ မျက်ဝန်းများမှိတ်စက်လိုက်ပြီးချိန်တွင် နူးညံ့အိစက်သော နှုတ်ခမ်းသားလေးသည်က ကျွန်တော့်နှုတ်ခမ်းထက်သို့ကြွေကျသည်။
ဖိကပ်ထားပြီးနောက် ၅စက္ကန့်လောက်အကြာတွင် လေဟာနယ်၏ အေးစက်မှုတို့ရရှိသွားသည်ကြောင့် ထိုအိစက်စက်လေးက စွန့်ခွာသွားသည်ထင်။

အကို (Completed)Where stories live. Discover now