Part -27(Uni & Zawgyi)

18.1K 1.7K 75
                                    

တိမ်ယံ့အမေသည်ကလည်း မယားငယ်မဖြစ်နေသည်ကြောင့်လား။ဘာကြောင့်လားလဲမသိ သူမအား အခန်းထဲပေးမဝင်ပေ။တိမ်ယံ့ ဒဏ်ရာများသည်တော်တော်ဆိုးသည်။ ကျောက်ကပ်တစ်ခုပျက်စီးသွားသည်။ အသည်းတစ်ခုလည်း ပျက်စီးးကာ ခြေတစ်ဖက်ကျိုးသည်။
လက်ပွားလေးတစ်ခုလည်း ပြတ်သွားသည်။
အရေးပေါ်ကိုမှ တစ်ပတ်တိတိကြာနေသည်အထိ စောင့်ကြည့်အခြေအနေ။တစ်ခါတစ်ရံနှလုံးအလုပ်မလုပ်ပါပဲ ရပ်သွားလေသည်ကြောင့် န အထူးကြပ်မတ်ကာ အန်ကယ်လေးနှင့်အတူ ဆရာဝန်ကြီးများ၊ ဆေးရုံမှပါရဂူကြီးများကိုယ်တိုင် ကုသနေကြသည်။

ကိုစိုးထွဋ်အ​မေရော ၊ တိမ်ယံ့အမေအပြင် ဖွားဖွားကြီးကပါ ရောက်နေသည်ကြောင့် ကျွန်မရော တိမ်ယံ့အဖေပါ တိမ်ယံ့ အနားကပ်ခွင့်မရချေ။ လူကိုမြင်တိုင်း မစင်ပုံတွေ့လေသည်လား အောက်မေ့လေအောင်သည်။ ကိုစိုးထွဋ်အ​​မေက နှာခေါင်းတရှုံ့ရှုံ့နှင့် ရိုင်းစိုင်းလွန်းသည်။

စိတ်တိုနေရသည့်အထဲတွင် နဂါး တစ်ယောက်ဖုန်းဆက်လာသည်မှာ ဆေးရုံတွင်သွေးအန်ကာကိုယ်ဝန်ပျက်ကျမလိုဖြစ်သည်ဆိုသည့် ဝမ်း ၏အကြောင်းပင်။
လူလည်းမသေ ဗိုက်ထဲရောက်နေသည့် သန္ဓေဆိုးလေးများကလည်း မ​သေပါပဲ အင်းလေးအိမ်တွင်ရောက်နေကာ
ဦးလေးဖြစ်သူကလည်း လိုက်စောင့်ရှောက်ပြီး မျက်စိအောက်က အပျောက်မခံကြဟုဆိုသည်ကြောင့် စိတ်ထဲရှိရာ ပြောလိုက်သည်။

"သတ်ပစ်လိုက်....ငါ့လမ်းကိုပိတ်တဲ့သူအကုန်
သတ်ပစ်လိုက်........" ဟူ၍ပင်။

ဤစကားပြောနေချိန်တွင် အိမ်ထဲတွင် မည်သူမှမရှိ။
မည်သူမှပြန်မလာသေးသည်ကြောင့် အခန်းတံခါးဖွင့်ထားမိသည့် ကေသရာတစ်ယောက် အပြင်ဘက်တွင် ရပ်နေသည့် တင်တင်ထွဋ်အားမမြင်မိ။ လူလျှောက်လာသည်ကိုပင်မကြားမိပဲ သတိမမူမိသည့် သူမ၏မဟာအမှားကြီးအား တင်တင်ထွဋ်မှာလည်း ကျေးဇူးတင်မဆုံးပေ။

'စောက်ကြောတင်းလေး မေသေသးဘူးပဲ....
ကလေးတွေက အသေလေးတွေမွေးလာချင်တယ်နဲ့တူတယ်.....ဟင်းဟင်း.....'

ထိုစကားအားစိတ်ထဲမှတွေးကာ ခပ်ဟဟရယ်နေသည့်တင်တင်ထွဋ်မှာ ကေသရာ့အခန်းတံခါးအားခေါက်ကာ လက်ကိုင်လှည့်၍ ပွင့်ပြီးသားတံခါးဆီ ဝင်သွားလိုက်လေသည်။

အကို (Completed)Where stories live. Discover now