Part - 10 (Uni & Zawgyi)

22.2K 2K 333
                                    

"ဆေးခန်းကိုမောင်းပေး ကိုဗညား...."

အကို့ကားထဲတွင်ပါလာသော်လည်း အကို့အားလှည့်မကြည့်ရဲပေ။ကားပြတင်းပေါက်အပြင်ဘက်သို့ငေးနေရင်းမှ
စကားသံအဆုံး လက်ကောက်ဝတ်မှ တစ်ဖက်အခြမ်းသို့အဆွဲခံလိုက်ရသည်ကြောင့် ဆွဲရာဘက်သို့ ယိုင်ကျသွားတော့သည်။

'ဘုရားရေ...အကို့ရင်ခွင်ထဲကျသွားတာပါလား....'

ပျော်မိသော်လည်း ခေတ္တမျှသာ အကို့ အလုပ်အဝတ်အစားတွေညစ်ပတ်တယ်ဟုဆိုကာ ထရိုက်မှဖြင့် ဝမ်း
တကယ်နာနေလေပြီ။ ခါးအထက်မှ အကို့ လက်တစ်ဖက်နှင့် ခါးအောက်ပိုင်းသို့လျှိုဝင်လာသည့် နောက်လက်တစ်ဖက် အကို ဖက်ထားတာလား။
မဖြစ်နိုင်ပေ။ ခုဏလေးတင် စိတ်ဆိုးနေသည်မဟုတ်လား။
ထိုသို့ဖက်သည့်အချိန်များဆိုသည်က ရှာမှရှားပင်။
ညအိပ်ချိန်များ၌သာ ဖက်တတ်သည်လေ။

အလုပ်များပြီးသည့်အခါ ရုပ်ရှင်ကြည့်နေသည့် ဝမ်း  ၏
အနောက်ဘက်မှထိုင်ကာ ခါးလေးအားဖက်မည်။ လည်ဂုတ်လေးအား လေလေးတွေမှုတ်ကာ စနောက်မည်။
တဖြေးဖြေးခါးအထက်မှ လက်ကလေးများသည်က
ဆုံရာဆန်ရာ အရပ်များသို့သွားကာ သာယာဖွယ်ရာများ
ဖန်တီးကြမည်။ ယခုဒီကားကြီးထဲတော့ မဖြစ်ဘူးလေ။
ကိုဗညားကြီးကလည်းရှိနေသည် မဟုတ်လား။
ဝမ်းရှက်သည်။ အကို့နဲ့နေ့စဉ်နေထိုင်ရသည်ကိုပင် ယခုထိရှက်နေမြဲ။လင်မယားလုပ်တိုင်း ကစားပြီးတိုင်း
ဝမ်းစောင်ထဲကမထွက်တော့ ခေါင်းမြီးခြုံကာအိပ်နေတတ်သည်။ခုက သူစိမ်းရှေ့မှာ......မဖြစ်ပေဘူး။

"ငြိမ်ငြိမ်နေစမ်း လှုပ်မနေနဲ့... "

စေတနာနဲ့ရင်ခွင်ထဲထည့်ထားသည်ကို လှုပ်နေသည့် ကောင်လေးအား အော်ငေါက်ကာမှ ငြိမ်သွားတော့သည်။
ရင်ခွင်ထဲကနေ ရင်ဘတ်ပေါ်သို့ကျရောက်လာသည့်
ခပ်နွေးနွေးလေပူလေးများသည်က အသက်ရှူနေသည်ကြောင့်မဟုတ်ပေ။ထိုကောင်ဘေး ခိုးနမ်းနေခြင်းကြောင့်
ဖြစ်ပေလိမ့်မည်။

'အကိုဟာ ဝမ်းကိုချစ်ပါသည်လို့ပြောခဲ့တယ်မဟုတ်လား...'

ခုလဲကြည့် ဆေးခန်းပြပေးသည်။ မနက်စာကို မြို့ထဲက
ရှမ်းရိုးရာဆိုသည့် စားသောက်ဆိုင်အကြီးကြီးမှာ
ရှမ်းအစားအစာများဝယ်ကျွေးသည်။ သစ်သီးဆိုင်လေးတစ်ခု​ရှေ့ဖြတ်တော့ စပျစ်သီးတွေပါလား ဟုရေရွတ်မိသည်ကို
ကိုဗညား အား ဆင်းဝယ်ခိုင်းသည်။ တလမ်းလုံးလည်း
အကို့ ရင်ခွင်ထဲဝင်ကာ ခေါင်းလေးမှီပြီး ရုံးအထိလိုက်ခဲ့သည်။ ခုလည်းဆေးသောက်ရမည်ဟုဆိုကာ အိုဗာတင်းမောမစ်အား ကိုဗညားကို ဗူးလိုက်ဝယ်ခိုင်းကာ အကို ကိုယ်တိုင်အလုပ်လုပ်နေရာကထပြီး ဖျော်တိုက်လေသည်။

အကို (Completed)Where stories live. Discover now