Part - 35(Uni & Zawgyi)

18.9K 1.6K 119
                                    

လုံမိသားစုပိုင် အိမ်တော်ကြီးဟုဆိုသည့်နေရာသို့ ဝမ်း ၏ကားအနောက်မှ တိမ်ယံ၏ဘွားဘွားကြီးလွှတ်လိုက်သည့် ဒါရိုက်ဘာ ဦးရုံအား ဘေးတွင်ထားကာ ကိုယ်တိုင်မောင်း၍လိုက်ခဲ့လိုက်သည်။ ဝမ်း၏ကားအနောက်တွင်လိုက်နေသော်လည်း မိမိကားအရှေ့ ကားအမဲတစ်စီးဖြတ်ဝင်သည်ကြောင့် စိတ်တိုမည်ကြံသော်လည်း အန်ကယ်လုံဟုခေါ်သော လုံဒုသခင်လေး၏အသံသည်စက်မှထွက်လာသည်။

ကားပေါ်မတက်ခင် ကိုယ်ရံတော်တယောက်ပေးလာသည်ကြောင့် ယူလာခဲ့ရသည့်စက်လေးပင်။
ထိုစက်ကလည်း ခြေရာခံစက်ပါပါပြီးသားဖြစ်သည်။

"ကိုခွန်းမာန် အဲ့ဖြတ်ဝင်တဲ့ကားနောက်ကလိုက်ခဲ့ပါခင်ဗျ...
ကိုယ်ရံတော်ကားတစ်စီးပါ...ဝမ်းနဲ့ကလေးတွေကားနောက်ကို ဝင်လိုက်တာပါ... ကိုခွန်းမာန်ကားနောက်မှာ ခွန်ချိုင်စီးလာတဲ့ကိုယ်ရံတော်ကားလဲပါပါတယ် လမ်းမပျောက်ဘူးခင်ဗျ....."

"ဟုတ်ကဲ့" ဟု ဖြေသည်ကို ကြားမကြားတော့မသိပေ။
တဖက်မှ အသံပျောက်သွားလေသည်။ သို့နှင့်လမ်းများသည်ကလည်း နဂိုကနှင့်မတူတော့ချေ။ လေးနှစ်တာအတွင်း သမ္မတအကူးအပြောင်းကြောင့်ဖြစ်မည်။ အနည်းငယ်စည်ကားကာ လမ်းများတံတားများပြုပြင်ထားသည်ကြောင့်
ဘယ်နေရာလည်းမသိပေ။ ရှေ့မှကားကိုအမှီလိုက်နေရသည်ကြောင့် ပတ်ဝန်းကျင်ကိုမလေ့လာနိုင်ဆိုမှန်ပေမည်။

"အန်ကယ်လ်လေး ကျွန်တော်ဗိုက်ဆာတယ်....
အိမ်ကဘယ်အချိန်ရောက်မှာလဲ..... ပီဇာစားချင်တယ်...
ဘယာကြော်စားချင်တယ်...ကော်ဖီသောက်ချင်တယ်....."

"ဘယာကြော်...."

"ဟုတ်တယ်ဆိုနေ.....အိပ်ဦးမယ် အိမ်ရောက်နှိုးနော်...
ဝမ်း စောင့်နေလောက်တယ်.......အကိုပြန်လာတဲ့အထိစောင့်မယ်လို့ သူကတိပေးထားတယ်လေ......"

ဤစကားများအား တစ်ဖက် စကားပြောစက်မှနားထောင်နေသည့် ဝမ်းသည် မျက်ရည်နှင့်မျက်ခွက်ပင်။

အန်ကယ်လုံသည်လည်း ယာဥ်မောင်းသူဘေး ခေါင်းခန်းမှထိုင်ကာ ထိုစကားများကြောင့် တူဖြစ်သူအား လှည့်ကြည့်လိုက်ချိန် သားနှင့် သမီးအား ပေါင်ပေါ်တင်ကာ ဖက်ပြီး
ငိုနေသည်ကို တွေ့ရသည်ကြောင့် သူကိုယ်တိုင်လည်း စိတ်မကောင်းပါပဲ သက်ပြင်းသာချနေလေသည်။
မိနစ်အနည်းငယ်ကြာချိန်တွင် အိမ်တော်ကြီးရှေ့ ကားရောက်သွားပြီး တံစက်မြိတ်ရှေ့ရပ်တန့်သွားသည်။

အကို (Completed)Where stories live. Discover now